A d v e r t i s e m e n t With Us

ဆီးဂိမ်းအတွက် ဘိလိယက်၊ စနူကာနှင့် 9ball လက်ရွေးစင်များ အပြီးသတ်ရွေးချယ်

လာမယ့် ၂၀၁၇ မလေးရှားဆီးဂိမ်းအတွက် ဘိလိယက်နဲ့ စနူကာအဖွဲ့ချုပ်မှ လက်ရွေးစင်များ အပြီးသတ် ရွေးချယ်ခဲ့ပါတယ်။ စုစုပေါင်း အမျိုးသားကစားသမား ၁၀ ဦးနဲ့ အမျိုးသမီးကစားသမား ၂ ဦးတို့ကို ရွေးချယ်ခဲ့တာပါ။ ဘိလိယက်ကစားနည်းအတွက် ဝါရင့်ကစားသမား အောင်ဌေး အပါအဝင် မင်းစည်သူထွန်း၊ နေသွေးဦး၊ ချစ်ကိုကိုတို့ကို ရွေးချယ်ခဲ့ပြီးတော့ စနူကာအတွက် ကိုထက်၊ အောင်ဖြိုး၊ ရဲဇော်ထွဋ်တို့ကို ရွေးချယ်ခဲ့ပါတယ်။ 9 Ball ကစားနည်းအတွက် ကမာ့္ဘအဆင့်ပြိုင်ပွဲတွေမှာ အဆင့် ၈ နဲ့ ၁၃ ထိ ရရှိခဲ့တဲ့ အားတီ(ခ)ဖုန်းမြင့်ကျော်၊ မာန်ဟိန်းကျော်၊ အောင်မိုးသူ၊ အမျိုးသမီး 9 ball ကစားသမားများအဖြစ် အေမီအောင်နဲ့ သန္တာမောင်တို့ကို ရွေးချယ်ခဲ့ပါတယ်။ လာမယ့်မလေးရှားဆီးဂိမ်းမှာ ဘိလိယက်နဲ့ စနူကာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် ၂ ဆုထိ မျှော်မှန်းထားတယ်လို့ နည်းပြ ဦးကျော်ဦးက ပြောကြားထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up