လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်
DVB
·
June 10, 2017
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး၊ ဒီနေ့ညနေပိုင်းမှာ မုန်တိုင်းငယ်တစ်ခု အဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်ပါတယ်။
မုန်တိုင်းငယ်ဟာ မြောက်အရှေ့စူးစူး (North-northeastwards) ကို ဦးတည်ရွေ့လျှားနိုင်ပြီး၊ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်းမှာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းရကြောင်း ဒေါက်တာထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အများဆုံးလေတိုက်နှုန်း တနာရီမိုင် ၄၀ နှုန်းလောက် ဇွန် ၁၁ ရက် ညနေပိုင်းမှာ စတင်တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။