Home
မြန်မာသတင်း
ရေး-ရန်ကုန် တိုက်ရိုက်ခရီးစဉ် အဆင့်မြင့်မှန်လုံယာဉ်လိုင်းများ ပိုမိုပြေးဆွဲလာ
DVB
·
June 10, 2017
ရန်ကုန်-ရေး တိုက်ရိုက်ခရီးစဉ် ပြေးဆွဲနေတဲ့ မှန်လုံယာဉ်လိုင်း ၁၁ လိုင်းရှိရာက ဒီနှစ် သုံးလိုင်း တိုးလာပြီး သုံးလိုင်း ထပ်တိုးဦးမယ်လို့ ရေးမြို့နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြောပါတယ်။ အခု စတင်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းသစ် ၃ လိုင်းမှာ ရွှေမန္တလေး၊ မန်းရာဇာ၊ ရတနာ ယာဉ်လိုင်းတို့ဖြစ်ပြီး နောက်ထပ်ပြေး ဆွဲမယ့်ယာဉ်လိုင်းတွေက မန္တာလာမင်း၊ မန်းရွှေမြို့တော်နဲ့ GI Group ယာဉ်လိုင်းတွေ ဖြစ်ကြပါတယ်။ ရေးမြို့နယ် ယ.ထ.က အသင်း ဥက္ကဋ္ဌ ဦးအောင်အေးမြင့်က “ယခင်က ရေးမှာ လမ်းပန်းဆက်သွယ်ရေးက မကောင်းခဲ့သလို ခရီးသွားလည်း စိတ်ဝင်စားမှု နည်းတယ်။ တချို့ ယာဉ်လိုင်းက ယာယီရပ်ဆိုင်းထားခဲ့တာလည်း ရှိပါတယ်။ အခုအခြေနေက လမ်းပန်းဆက်သွယ်ရေးနဲ့ လူမှုစီးပွားကဏ္ဍအပြင် ပြည်တွင်းခရီးသွားကလည်း စိတ်ဝင်းတစား လာရောက်လေ့လာမှု မြင့်တက်လာလို့ ယာဉ်လိုင်းတိုးလာတာ” လို့ ပြောပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဟာ လက်မှတ်နှုန်းထားခ ၈၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ ကျသင့်တယ်လို့ သိရပါတယ်။ ရေး -ရန်ကုန် တိုက်ရိုက်ခရီးစဉ်အပြင် ရေး-မော်လမြိုင် မှန်လုံယာဉ်လိုင်း ၃ လိုင်း၊ ထားဝယ်မြို့ကို ယာဉ်လိုင်း ၂ လိုင်းလည်း တိုက်ရိုက်ပြေးဆွဲနေပါတယ်။ ရေး-ရန်ကုန်ကားလမ်း မိုင်မှာ ၂၈၇ မိုင်၊ ရေး- မော်လမြိုင်က ၉၆ မိုင်၊ ရေး-ထားဝယ်က မိုင် ၁၀၀ ရှိပါတယ်။ ရေးမြို့ကနေ ရန်ကုန်ကို မီးရထားနဲ့သွာရင်တော့ ၂၅၆ မိုင် ရှိနေတယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024