A d v e r t i s e m e n t With Us

ဘုရင်နန်းစွန့်မှု ခွင့်ပြုသည့်ဥပဒေ ဂျပန်ပါလီမန် အတည်ပြုပြဋ္ဌာန်း

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံသမိုင်းမှာ အနှစ် ၂၀၀ အတွင်း ပထမဆုံးအကြိမ် ဘုရင်နန်းစွန့်မှုကို ခွင့်ပြုတဲ့ ဥပဒေကို ဇွန်လ ၉ ရက်နေ့က ဂျပန်ပါလီမန်ကနေ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကို ဂျပန်အထက်လွှတ်တော်က ထောက်ခံမဲ ၂၃၅ မဲနဲ့ ကန့်ကွက်မဲမရှိ   အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်အစိုးရဟာ နန်းစွန့်မှုနဲ့ဆိုင်တဲ့ ကိစ္စရပ် အသေးစိတ်ကို ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “အခုကိစ္စဟာ အနှစ် ၂၀၀ အတွင်းမှာ ပထမဆုံးအကြိမ် နန်းစွန့်တာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်၊ ကျနော်တို့ရဲ့ ရှည်ကြာတဲ့ သမိုင်းကြောင်း၊ ကျနော်တို့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သိပ်အရေးကြီးတာကို ထပ်ပြီး သဘောပေါက်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အစိုးရအဖွဲ့ ဒုတိယအကြီးအကဲကလည်း “ဒီဥပဒေက ၃ နှစ်အတွင်း နန်းစွန့်မှု ပြုလုပ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ အစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်အတိုင်း ချက်ချင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဂျပန်ဘုရင် အကီဟီတိုဟာ နှလုံးခွဲစိတ်မှု ခံယူထားပြီး ဆီးကျိတ်ကင်ဆာ ကုသမှု ခံယူနေရပါတယ်။ အကီဟီတိုက အသက်အရွယ်ကြောင့် သူ့အနေနဲ့ တာဝန်ဝတ္တရားတွေကို ဆက်လက်ဆောင်ရွက်ဖို့ မလွယ်ကူကြောင်း မနှစ်က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဘုရင် အကီဟီတို နန်းစွန့်ပါက သူ့အရိုက်အရာကို သားဖြစ်သူ အိမ်ရှေ့မင်းသား  နာရူဟီတိုက ဆက်ခံမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up