Live
Home
မြန်မာသတင်း
Y-8 လေယာဉ်ပေါ် ပါသွားသူများ၏ ကျန်ရစ်သူမိသားစုများ ထားဝယ်မြို့သို့ သွားရောက်
DVB
·
June 9, 2017
ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို  နာရေးကိစ္စရပ်တွေ ဆောင်ရွက်ဖို့ ဒီကနေ့ တပ်မတော်လေယာဉ်တွေနဲ့  ပို့ဆောင်ပေးနေပါတယ်။ ဘုတ်ပြင်းမြို့က မိသားစုဝင်တွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးရာမှာ ဒီကနေ့ မနက် ၉ နာရီမှာ  မြိတ်မြို့သို့ ရောက်ရှိလာကြပြီး  မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မိသားစုဝင်တွေကလည်း  ရန်ကုန်မြို့မှ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ အဆိုပါ ကျန်ရစ်သူမိသားစုဝင်တွေကို  ထားဝယ်မြို့မှာ နာရေးကိစ္စရပ်တွေ သွားရောက်လုပ်ဆောင်နိုင်ရန်ဖို့ မြိတ်မြို့မှတဆင့် ထားဝယ်မြို့သို့ လေယာဉ်နဲ့ ဆက်လက်ပို့ဆောင်သွားဖို့ ရှိနေပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024