Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာတွင် လူငယ် ၃ ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
June 9, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက် ကားဂိတ်အနီးမှာ ဇွန်လ ၈ ရက်နေ့၊ ည ၇ နာရီလောက်က မသင်္ကာဖွယ်တွေ့ရှိရတဲ့ လူငယ် ၃ ဦးဆီက  ငွေကျပ် ၁၃ သိန်းဖိုးလောက်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းက ပြောပါတယ်။ “မူးယစ်ဆေးဝါးသတင်းရလို့ ကျနော်တို့ကလည်း စောင့်ဆိုင်းနေတုန်း သူတို့တွေကလည်း ကားဂိတ်နားမှာ မယောင်မလည်လုပ်နေတာတွေ့လို့ မသင်္ကာလို့ စစ်ဆေးတော့ WY စိတ်ကြွဆေးပြားတွေကို တွေ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ်တရားခံ ဖမ်းဆီးရမိရေးအတွက်လည်း စုံစမ်းဖော်ထုတ်သွားမှာပါ”လို့ သိမ်ဇရပ်နယ်မြေရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးသတင်းအရ သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ သိမ်ဇရပ်ကျေးရွာ ကားဂိတ်အနီး စောင့်ဆိုင်းနေစဉ် ကားဂိတ်အနီး ရထားသံလမ်းဘေးမှာ မသင်္ကာဖွယ် လူငယ် ၃ ဦးကို တွေ့ရှိခဲ့ပါတယ်။ စစ်ဆေးစဉ် ပဲခူးမြို့နေသူ စိုးသူရိန်မျိုး(ခ)သူရိန် (၂၃-နှစ်)၊ ဘောင်းဘီအိတ်အတွင်း ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၅၆ ပြား၊ အစိမ်းရောင် ၄ ပြား၊ စုစုပေါင်း ၂၆၀ ပြား၊ ကာလတန်ဖိုး ၁၃၀၀၀၀၀) ကျပ်ခန့်ရှာဖွေတွေ့ရှိခဲ့ပြီး ပဲခူးမြို့နေသူ ကျော်ဇေယျာထွန်း(ခ)ဇေယျာ(၂၉-နှစ်)ဆီက ဖုန်းတလုံး၊ ပဲခူးမြို့နေသူ ဗညားအောင်(ခ) ရဲထွဋ် (၂၀-နှစ်)၊ ဖုန်းတလုံးနဲ့ ငွေကျပ် ၉၂၀၀၀ ကျပ် သိမ်းဆည်းရမိခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးသုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူ စိုးသူရိန်မျိုး(ခ)သူရိန်၊ ကျော်ဇေယျာထွန်း(ခ)ဇေယျာ၊ ဗညားအောင်(ခ)ရဲထွဋ်တို့ ၃ ဦးကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ မယ (ပ) ၄ /၂၀၁၇ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅ /၁၉ (က) /၂၀ (က) /၂၁ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲစခန်းမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024