A d v e r t i s e m e n t With Us

ဧရာဝတီတိုင်းအတွင်း အင်းလေလံများ စတင်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေ၊ ခရိုင်တွေမှာ အင်းလေလံတွေ စတင်ရောင်းချနေပါတယ်။ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အင်းတွေကို ပထမအကြိမ်အဖြစ် ဒီနေ့ လေလံတင် ရောင်းချနေကြတာပါ။ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်-၁ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက “ကျနော်တို့မြို့နယ်မှာတော့ အင်းပေါင်းက ၅၈ အင်း ရှိတယ်။ အဲဒီထဲမှာ ဘုံစားအင်းက ၂ အင်း၊ ၆ အင်းကတော့ တနှစ်ကျန် ကြေတိုင်ချကျန်အင်းပါ။ အခု အင်းပေါင်း ၅၀ ကို ကြမ်းခင်းဈေးတွေနဲ့ ရောင်းချမှာပါ”လို့  ပြောပါတယ်။ “ကျနော်တို့က လယ်တွေလုပ်တော့ အင်းသမားတွေနဲ့ ပြဿနာမတက်ချင်တော့ ကိုယ့်လယ်နဲ့ နီးစပ်တဲ့နေရာက အင်းတွေကို လယ်သမားတွေ စုစွဲတာပါပဲ”လို့ လေလံပွဲလာတဲ့ လယ်သမားတဦးက ပြောပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်မှာတော့ အင်းတွေ ရောင်းချရမှာ ရရှိတဲ့ ဘဏ္ဍာငွေကတော့ မနှစ်က ၂၀၁၆-၂၀၁၇ မှာ ကျပ် ၁၃၅ သိန်းသာ ရရှိထားပါတယ်။ ဧရာဝတီတိုင်းအတွင်း တချို့မြို့နယ်တွေမှာတော့ မနှစ်က အင်းရာသီတွေမှာ အစုအဖွဲ့တွေက ဆန္ဒပြတာတွေနဲ့ အင်းသားကြီးတွေဘက်က အပြန်အလှန် ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ သတင်း - သန်းထိုက်မြင့်

A d v e r t i s e m e n t With Us

More News
Up