တပ်မတော်လေယာဉ်ပျက်ကျမှုအတွက် ၀မ်းနည်းကြောင်း ရုရှားသမ္မတပူတင်ပြော
DVB
·
June 9, 2017
တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8-200F ပျက်ကျမှုအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ၀မ်းနည်းကြောင်း သတင်းစကားပါးလိုက်ပါတယ်။
ကပ္ပလီပင်လယ်ထဲမှာ လေယာဉ်ပျက်ကျပြီး ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ သေဆုံးခဲ့ရမှုအတွက် အကြီးအကျယ် ၀မ်းနည်းကြောင်း ကရင်မလင်သမ္မတရုံး ၀က်ဆိုက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအတွက်လည်း ထပ်တူ ၀မ်းနည်းရပြီး အားပေးတဲ့အကြောင်း သမ္မတ ပူတင်ကပြောပါတယ်။