A d v e r t i s e m e n t With Us

လန်ဒန်ရှိ အမေရိကန်သံရုံးအနီး ဗုံးထောင်ထားသည့် ကားတစီးကို ဗုံးရှင်းစက်ရုပ်သုံး ဖျက်ဆီး (ရုပ်သံ)


လန်ဒန်ရှိ အမေရိကန်သံရုံးအနီး ဗုံးထောင်ထားသည့် က... လန်ဒန်မြို့အနောက်တောင်ဘက်၊ အမေရိကန်သံရုံးအနီးမှာ ဗုံးထောင်ထားတဲ့ ကားတစင်းကို ဗုံးရှင်းလင်းရေးအဖွဲ့က ဗုံးရှင်းစက်ရုပ်သုံးပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန်လ ၇ ရက် ညနေ ဒေသစံတော်ချိန် ၅း၃၇ နာရီက သံရုံးတည်ရှိရာ ဝမ်းဒ်စ်ဝါ့သ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ ရပ်ထားတဲ့ ကားအမျိုးအစားဟာ အနီရောင်ဗန်ကားအမျိုးအစားဖြစ်ပြီး ဗုံးရှင်းလင်းရေး ကျွမ်းကျင်အရာရှိတွေဟာ ဗုံးရှင်းစက်ရုပ်အပါအဝင် အရေးပေါ်ယာဉ်တွေ၊ ကယ်ဆယ်ရေးကား ၅ စီးနဲ့အတူ လုံခြုံရေးချပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြရတယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတွေဟာ အနီးနားနေထိုင်သူတွေကိုလည်း အိမ်တွင်းမှာသာ နေထိုင်ကြဖို့ သတိပေးခဲ့ကြပြီး အနီးနားက ဝိတ်တ်ရို့စ်စူပါမားကက်ကိုလည်း ပိတ်ထားခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဗုံးရှင်းစက်ရုပ်ဟာ အဲဒီကားထဲကို ဝင်သွားခဲ့ပြီးနောက်မှာ ပေါက်ကွဲသံ ကြားလိုက်ရတယ်လို့ အဲဒီလမ်းမှာ အလုပ်လုပ်တဲ့ ဆိုင်ရေးဂူးလက်ဆိုသူက ပြောပါတယ်။ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရသူ အမျိုးသမီးတဦးကတော့ အဲဒီအချိန်က အဆိုပါနေရာမှာ သံရုံးဝန်ထမ်းတဦးမှ ရှိမနေခဲ့ဘူးလို့ ပြောပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ လန်ဒန်ရဲတွေရဲ့အဆိုကို ကိုးကားပြီး မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up