Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ခြံစည်းရိုးတိုင်များ တူးဖော်စဉ် လက်နက်ခဲယမ်းအဟောင်းများ တွေ့ရှိ
DVB
·
June 8, 2017
ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအနီးမှာ နေအိမ် ခြံစည်းရိုးခတ်ဖို့အတွက် ကျင်းတူးဖော်စဉ်မှာ လက်ပစ်ဗုံးဟောင်းအချို့နဲ့ ကျည်အချို့တို့ကို တွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းမှာ အမ်းမြို့နယ်အောက်ရွာကျေးရွာနေ မောင်သန်းတိုး ဆိုသူက မဲလက်မောင် ကျေးရွာအနီး ခြံစည်းရိုးတိုင်ကျင်းတွေ တူးဖော်စဉ်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ သေနတ်ကျည်ဆန်တွေ တွေ့ရှိလို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်တန်းခဲ့ပါတယ်။ အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “တွေ့ရှိတာကတော့ မှန်ပါတယ်။ စစ်တွေ- ရန်ကုန်ကား လမ်းဘေးမှာ မိုင်တိုင်အမှတ် ၁၇/၁ ကြားမှာ ခြံစည်းရိုးတိုင် ကျင်းတွေ တူးဖော်စဉ် တွေ့တာပါ။ လက်ပစ်ဗုံးတွေရယ်၊ ကျည်ဆန်တွေရယ် တွေ့တာပါ။ အဲ့ဒါတွေက တော်တော်လေးကို ပျက်စီးနေပါပြီ။ သက်ဆိုင်ရာကို ကျနော်တို့ အပ်နှံလိုက်ပါပြီ”လို့ ပြောပါတယ်။ အခုလို တိုင်ကြားမှုကြောင့် ကဇူးကိုင်းရဲကင်းစခန်းရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲက တာဝန်ရှိသူတို့ သွားရောက်ပြီး စစ်ဆေးခဲ့ရာမှာ လက်နတ်ပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက်ပစ္စည်းတွေကတော့ ဒသမ ၃၆ လက်ပစ်ဗုံး ၄ လုံး(ပျက်စီး) ဒသမ ၃၀၃ ကျည် ၂၉၇ တောင့်(ပျက်စီး) ဒသမ ၃၀၃ ကျည် ၁၈၃ တောင်(ဆွေးမြည့်ပျက်စီး) WRA တံဆိပ်ပါ ၉ မမ ကျည် ၈ တောင့်တို့ကို တွေ့ရှိခဲ့ပြီး တွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ဖို့ ယူဆောင်သွားတယ်လို့ တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဟန်မင်းလှိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024