Home
မြန်မာသတင်း
သထုံတွင် ပရိုဘောက်ယာဉ်ဖြင့် သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းမိ
DVB
·
June 8, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု ကြာပန်းတိုးဂိတ်မှာ ဇွန်လ ၇ ရက်နေ့က ပရိုဘောက်ယာဉ်နဲ့ တရားမဝင် သယ်ဆောင်လာတဲ့ ကျွန်းခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူက “သစ်တွေကို ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းဘက်ကနေ သယ်ဆောင်လာတာ။ သတင်းရလို့ စောင့်ဖမ်းတာပါ။ ကရင်ပြည်နယ်ကနေတဆင့် တခြားကို ပို့ဖို့ ဖြစ်နိုင်ခြေများတယ်။ သယ်ဆောင်လာသူကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။ တရားမဝင် ကျွန်းသစ်တွေ သယ်ဆောင်လာကြောင်း သတင်းအရ သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်တွေက ကြာပန်းတိုးဂိတ်မှာ စောင့်ဆိုင်းနေစဉ် သထုံဘက်မှ ဘားအံဘက်ကို ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့၊ ကျောက်တံတားမြို့နယ် နေသူ ယာဉ်မောင်း ထွန်းထွန်း(၄၁-နှစ်) မောင်းနှင်လာတဲ့ ယာဉ်အမှတ် 4F/2085၊ ပရိုဘောက်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ ယာဉ်ပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းခွဲသား ၈၃ ချောင်း၊ ၀ ဒသမ ၄၉၆၄ တန် တွေ့ရှိခဲ့ပြီး သစ်သယ်ဆောင်ခွင့် တရားဝင် စာရွက်စာတမ်း အထောက်အထားမပြနိုင်တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမဝင် ကျွန်းသစ်ခွဲသားတွေ သယ်ဆောင်လာသူ ထွန်းထွန်းကို သုဓမ္မဝတီနယ်မြေ ရဲစခန်းက (ပ) ၁၁၇/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024