A d v e r t i s e m e n t With Us

သခင့်အနားထိုင်ပြီး ကားမောင်းစွမ်းရည် ပြသခဲ့သည့် အံ့ဖွယ်ခွေးကလေး (ရုပ်သံ)

ပေါ်တူဂီနိုင်ငံမှ အမျိုးသားတဦးဟာ အိမ်မွေးခွေးကလေးရဲ့ ကားမောင်းစွမ်းရည်ကို ပြသနိုင်ဖို့ ခွေးကလေးကို သူ့အနားထိုင်စေပြီး ကားမောင်းနှင်စေခဲ့ပါတယ်။ အနီရောင်လည်ပတ် ဝတ်ဆင်ပေးထားပြီး သပ်ရပ်ကျော့မော့နေတဲ့ ခွေးကလေးဟာ သူ့ရဲ့လက်တွေနဲ့ ကားစတီယာရင်ကိုကိုင်ကာ မောင်းနှင်ပြခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့မြင်ရမှာပါ။ ပေါ်တူဂီနိုင်ငံ၊ ပွန်တာဒူဆိုးလ်မြို့က ဆီဆိုင်ဝင်းထဲမှာ ခွေးကလေးက အစိမ်းရောင်ပစ်ကပ်ကား စတီယာရင်ကို လက်နှစ်ဘက်နဲ့ ညင်သာစွာကိုင်ပြီး လမ်းအတိုင်း ဝံ့ဝံ့ကြွားကြွား မောင်းနှင်နေခဲ့တာကို တွေ့ရမှာပါ။ မောင်းနေရင်း တနေရာမှာတော့ ခွေးကလေးဟာ သူ့ရဲ့ လက်တဖက်တည်းနဲ့ ကားကို မောင်းနှင်လိုက်သေးတယ်လို့ မေရာရဲ့ ဇွန်လ ၇ ရက်နေ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။ အဝါရောင်တီရှပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ ကားပိုင်ရှင်အမျိုးသားဟာ ကားစတီယာရင်ကို လုံးဝမကိုင်ဘဲ သူ့ရဲ့ခွေးကလေးကိုသာ မောင်းနှင်ခိုင်းခဲ့လို့ ဘေးကကြည့်နေသူတွေလည်း အံ့သြနေခဲ့ကြပါတယ်။ ဆီဆိုင်ထဲက ထွက်သွားတဲ့အခါ လူစည်ကားတဲ့ လမ်းဆုံအရောက်မှာ ကားသမားက ခွေးကို ကားဆက်မောင်းခွင့်ပြုခဲ့သလားဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ဆီဆိုင်နားမှာရှိနေခဲ့တဲ့ မျက်မြင်တွေ့ရှိသူတဦးက ခွေးကလေး ကားမောင်းနေတာကို တွေ့လို့ ဒီထူးဆန်းတဲ့မြင်ကွင်းကို ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီရုပ်သံကို ယူကျု အင်တာနက် စာမျက်နှာပေါ်မှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up