A d v e r t i s e m e n t With Us

ရွေး​ကောက်ပွဲ ​လေ့​လာ​ရေး​အဖွဲ့​များ​ ​စောင့်​ကြည့်​ခွင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ​တောင်း​ဆို

လွတ်လပ်တရား​မျှတတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဖြစ်ဖို့​အတွက် နိုင်ငံတကာနဲ့​ ​ဒေသတွင်း​က ​ရွေး​ကောက်ပွဲ​လေ့​လာ​ရေး​ အဖွဲ့​တွေကို ​စောင့်​ကြည့်​ အကဲခတ်နိုင်​ရေး​ စီစဉ်​ပေး​ဖို့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​တွေက ​တောင်း​ဆိုလိုက်ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ မဲမသမာမှု​တွေနဲ့​ လွတ်လပ်တရား​မျှတမှု အပြည့်​အဝ မရခဲ့​တဲ့​ အ​ခြေအ​နေ​တွေကို ​ရှောင်ရှား​နိုင်ဖို့​အတွက် အခုလို ​တောင်း​ဆိုလိုက်တာလို့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​များ​ လုပ်ငန်း​ဖော်​ဆောင်​ရေး​ အဖွဲ့​ဝင် ကိုဆန်နီက ​ပြောပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်​ရေး​အဖွဲ့​၊​ ​ရွေး​ကောက်ပွဲ ​ကော်မရှင် အဖွဲ့​ခွဲများ​၊​ အ​ရွေး​ချယ်ခံပါတီ၊​ ပါတီကိုယ်စား​လှယ်၊​ တသီး​ပုဂ္ဂလ ကိုယ်စား​လှယ်​တွေနဲ့​ ပါတီ​အောင်နိုင်​ရေး​ အဖွဲ့​တွေကလည်း​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေထက် ​ကျော်လွန်​အောင် ​ဆောင်ရွက်တာနဲ့​ ဘက်လိုက်တာ​တွေ မလုပ်​အောင် အစီအစဉ်များ​ ချမှတ်​ပေး​ဖို့​ လိုတယ်လို့​လည်း​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​တွေက ဆိုပါတယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​များ​ လုပ်ငန်း​ဖော်​ဆောင်​ရေး​ အဖွဲ့​ဝင် ကိုဆန်နီက “အ​ပေါ်က ဘယ်​လောက်ပဲ ​ပြောင်း​ပြောင်း​ ​အောက်​ခြေအာဏာပိုင်​တွေက လုပ်​နေတဲ့​ လူ​တွေက မ​ပြောင်း​ဘူး​ဆိုရင် ကျ​နော်တို့​ ဘာမှလုပ်လို့​ မရဘူး​။ သူတို့​ဟာ ကတိ​ပေး​ရုံနဲ့​ မရဘူး​။ ညွှန်ကြား​ချက်​တွေ ​ပေး​ရမယ်။ ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ စီမံ​ဆောင်ရွက်မှု​တွေ ထိထိ​ရောက်​ရောက်လုပ်မှသာ တကယ့်​စစ်မှန်ပြီး​ တရား​မျှတမှုရှိတာမျိုး​ ​ဖော်​ဆောင်နိုင်မယ်။ ပါး​စပ်က​ပြောရုံနဲ့​ မရဘူး​။ ထိထိ​ရောက်​ရောက် လုပ်​ပေး​ပါလို့​ ကျ​နော်တို့​က ​တောင်း​ဆိုတာ။ ကတိ​ပေး​ရုံနဲ့​ မဟုတ်ဘူး​။ ညွှန်ကြား​ချက်​တွေ​ပေး​ပါ။ တကယ်လည်း​ အစီအမံ ​ဆောင်ရွက်မှု​တွေနဲ့​ လွတ်လပ်ပြီး​ တရား​မျှတမှုရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဖြစ်​အောင် လုပ်ပါ​ပေါ့​” လို့​ ​ပြောပါတယ်။ တရား​မမျှတမှု​တွေ ရှိခဲ့​ပါကလည်း​ ဥပ​ဒေနဲ့​အညီ ​ကျောသား​ရင်သား​ မခွဲခြား​ဘဲ အ​ရေး​ယူ ​ဆောင်ရွက်တာ​တွေ ပြုလုပ်ဖို့​လည်း​ ​တောင်း​ဆိုထား​ပါတယ်။ မြန်မာအစိုး​ရက​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲအဖြစ် ​ဆောင်ရွက်​ပေး​မယ်လို့​ ကတိ​ပေး​ ​ပြောဆိုတာ​တွေ ရှိခဲ့​ပါတယ်။ နိုင်ငံတကာကလည်း​ လွတ်လပ်မျှတတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဖြစ်ပါက အ​ရေး​ယူပိတ်ဆို့​တာ​တွေကို ရုပ်သိမ်း​နိုင်ပြီး​ ဆက်ဆံ​ရေး​ တိုး​မြှင့်​သွား​မယ် ဆိုတာ​တွေလည်း​ ​ပြောထား​ပါတယ်။ ကျင်း​ပခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ​တော့​ ကြိုတင်မဲ၊​ မဲမသမာမှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ ဖြစ်ခဲ့​တယ်လို့​လည်း​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပါတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ​ဒေသတွင်း​နဲ့​ နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​လေ့​လာတဲ့​ သူ​တွေကို​တော့​ အစိုး​ရက ခွင့်​ပြုခြင်း​ မရှိသလို သတင်း​ထောက်​တွေနဲ့​ နိုင်ငံခြား​ သံတမန်​တွေကိုလည်း​ သတ်မှတ်ထား​တဲ့​ မဲရုံ​တွေကိုပဲ သွား​ရောက် ​လေ့​လာခွင့်​ ​ပေး​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up