ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 8, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၁၄,၀၀၀ ဈေးကျဆင်းသွာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ၈၆၂,၀၀၀ ကျပ် ရှိနေပါတယ်။
ပဲတီစိမ်း(ပခုက္ကူ)
ပဲတီစိမ်း(ပခုက္ကူ)အမျိုးအစားကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၃၅ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၃၅ ကျပ်ကနေ ၁၅၆၅ ကျပ် ပေါက်ဈေး ရှိနေပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ဈေးကတော့ ငွေကျပ် ၂,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
အာလူး
အာလူးကတော့ ၁ ပိဿာကို ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၃၀၀ ကနေ ၆၂၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွေကျပ် ၁၀ ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ငွေကျပ် ၈,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကကတော့ ၁၁၈,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
နှမ်းနက်
နှမ်းနက်ကလည်း ၁ အိတ်ကို ငွေကျပ် ၁၀,၀၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
မြေထောက်ပဲ
မြေထောက်ပဲကတော့ ၁ အိတ်ကို ငွေကျပ် ၅,၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
မြေပဲလုံးဆံနီ
မုံရွာ ကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံနီက ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂,၂၀၀ ကျပ်ကနေ ၂,၂၅၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA