တရားစွဲဆိုခံထားရသော အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးအမှု ထမ်မံရုံးချိန်း
ရန်နိုင်ဇော်ဝင်း
·
June 8, 2017
ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရတဲ့ ဝင်းကိုကိုလတ် အပါအဝင် အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးကို ကမာရွတ်မြို့နယ် တရားရုံးက ဇွန်လ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
ဒီနေ့ ရုံးချိန်းမှာတော့ ဆရာတော် ၃ ပါး လာရောက်ခြင်း မရှိတဲ့အတွက် အမှုကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ရုံးချိန်းမှာတော့ ဆရာတော်တွေ မလာလည်း အမှုကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိကြောင်း အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ဇွန်လ ၈ ရက် ဒီနေ့မှာ ကမာရွတ်မြို့နယ် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့တာပါ။