A d v e r t i s e m e n t With Us

ဖုန်းပြောရင်း သံလမ်းဖြတ်ကူးချိန် ထိတ်လန့်ဖွယ် ရထားတိုက်ခံရသည့် မိန်းကလေး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတဦးဟာ ဖုန်းပြောရင်း သံလမ်းဖြတ်ကူးချိန်မှာ ရထားတိုက်ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၁၉ နှစ်အရွယ် ပရာတစ်ခ်ရှာ နိတ်တ်ကာ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ရထားသံလမ်းကို ဖြတ်ကူးချိန်မှာ နားကြပ်ကို တပ်ဆင်ထားခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူနဲ့ ဖုန်းပြောနေခဲ့တာလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ သံလမ်းကို ဖြတ်ကူးလိုက်ချိန်မှာ အရှိန်နဲ့ မောင်းလာခဲ့တဲ့ ရထားကို သတိမထားမိဘဲ တိုက်မိခဲ့တာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။ ပရာတစ်ခ်ရှာ နိတ်တ်ကာဟာ အလုပ်သွားဖို့ ထွက်လာခဲ့တာဖြစ်ပြီး ပလက်ဖောင်းအမှတ် ၇ ဆီသွားဖို့ သံလမ်းကို ဖြတ်ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ သူဟာ ရထားနဲ့ တိုက်မိပြီးနောက်မှာ သံလမ်းရဲ့ကြား အလယ်တည့်တည့်အောက် လဲကျသွားခဲ့ပြီး ရထားမောင်းသူက ဘရိတ်ကို အချိန်မီ နင်းလိုက်နိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာတွေသာ ရရှိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ရတာပါ။ လက်ရှိမှာတော့ သူ့ကို ရာဂျာဝတီဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး နှုတ်ခမ်း၊ မျက်လုံးနဲ့ ဦးခေါင်းတွေမှာ အသေးစားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိဘူးလို့ ဆိုပါတယ်။ ပရာတစ်ခ်ရှာ နိတ်တ်ကာရဲ့ အဖွားဖြစ်သူက “ကျမတို့အားလုံး အရမ်းထိတ်လန့်သွားခဲ့တယ်။ သူ့ကို အသက်ရှင်ရက် တွေ့ခွင့် ဆုံးရှုံးရပြီလို့ ထင်နေခဲ့တာ” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up