A d v e r t i s e m e n t With Us

ဂေါက်ကွင်းတွင်း ဝင်မွှေပြီး ဂေါက်အိတ်ထဲမှပစ္စည်းယူရန် ကြိုးစားသည့် ဝက်ဝံ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အမျိုးသား ၂ ဦး ဂေါက်ကွင်းထဲမှာ ကစားနေကြချိန် အနက်ရောင်ဝက်ဝံတကောင် ဝင်ရောက်လာပြီး နှောင့်ယှက်တာ ခံခဲ့ရပါတယ်။ အဲဒီဝက်ဝံဟာ ကွင်းအတွင်းကို တအိအိနဲ့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့ကာ ကျင်းတခုအနီးကို ချဉ်းကပ်သွားခဲ့ပြီး အလံတိုင်ထိပ်မှ အလံကို ဆွဲဖြုတ်ဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အလက်စကားပြည်နယ်၊ အဲန်ကောရေ့ဂ်ျ ဂေါက်ကွင်းအတွင်းမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၄ ရက်နေ့က ဖော်ပြပါတယ်။ ဂေါက်ကွင်းအတွင်း ရှိနေခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဂယ်ရီကောက်စ်က ဒီအဖြစ်အပျက်ကို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဝက်ဝံဟာ အလံကိုတော့ ဖြုတ်မယူခဲ့ဘဲ အလံတိုင်နားကနေ လျှောက်လာခဲ့ပြီးနောက်မှာတော့ ကစားသမားတဦးရဲ့ အိတ်အနီးကို ချဉ်းကပ်လာခဲ့ပြီး အထဲမှာ ဘာတွေရှိမလဲဆိုတာကို စူးစမ်းခဲ့ချိန်မှာ ပိုင်ရှင်က အထဲမှာ လိမ္မော်သီးတလုံးရှိနေတာကို သတိရသွားခဲ့ပြီး ဝက်ဝံကို အော်ဟစ်မောင်းထုတ်ခဲ့ကြတာပါ။ ဒါပေမယ့် ဝက်ဝံကတော့ အိတ်ထဲက တစုံတခုကိုယူပြီး တအိအိနဲ့ အဲဒီနေရာကနေ လမ်းလျှောက်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။ ကောက်စ်က ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး “အလက်စကာဂေါက်သီးရိုက်ကစားကွင်းမှ တခြားနေ့တနေ့” လို့ ခေါင်းစဉ်တပ် မျှဝေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up