A d v e r t i s e m e n t With Us

အဲဗာတန်တိုက်စစ်မှူး လူကာကူ ချဲလ်ဆီးသို့ ပြန်ပြောင်းရန် ဆန္ဒရှိ

အဲဗာတန်တိုက်စစ်မှူး လူကာကူဟာ ချဲလ်ဆီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပါတယ်။ အသက် ၂၄ နှစ်ရှိ လူကာကူဟာ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းကနေ အဲဗာတန်အသင်းဆီ ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ လူကာကူအနေနဲ့ အဲဗာတန်အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းခဲ့ပေမယ့် ထိပ်တန်းအသင်းကြီးတသင်းကို ပြောင်းရွှေ့လိုနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ လာမယ့်ရာသီ အဲဗာတန်အသင်းမှာ ဆက်ကစားမှာမဟုတ်ဘဲ အသင်းပြောင်းရွှေ့ဖို့အတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူဟာလည်း ထိပ်တန်းအသင်းတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ လူကာကူက ဆိုပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ လူကာကူအတွက် ပေါင်သန်း ၁၀၀ လောက် ပြောင်းရွှေ့ကြေး သတ်မှတ်ထားပြီး ချဲလ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up