A d v e r t i s e m e n t With Us

အီရန်လွှတ်တော်ကို တိုက်ခိုက်ရေးသမားများ ဝင်ရောက်စီးနင်း (ရုပ်သံ)

အီရန်လွှတ်တော်ကို တိုက်ခိုက်ရေးသမားများ ဝင်ရောက်... တိုက်ခိုက်ရေးသမားတွေက အီရန်နိုင်ငံရဲ့လွှတ်တော်ကို ဒီကနေ့ ဝင်စီးခဲ့ပြီး မြို့တော်တီဟီရန်တောင်ပိုင်းက အယာတိုလာ အလီ ခိုမေနီရဲ့ ဂူဗိမာန်ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ မနက်ခင်း တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူတွေက လွှတ်တော်အဆောက်အဦထဲမှာ လူ ၄ ဦးကို ဓားစာခံ ဖမ်းထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းတွေ ထွက်နေတယ်လို့ တက်စ်မင်သတင်းဌာနက ဆိုပါတယ်။ တိုက်ခိုက်သူ ၃ ဦးထဲက တဦးဟာ ပစ္စတိုသေနတ် ကိုင်ထားပြီး ၂ ဦးက AK-47 ရိုင်ဖယ်တွေ ကိုင်ဆောင်ကာ တီဟီရန်မြို့လယ်ကို တိုက်ခိုက်ခဲ့တယ်လို့ လွှတ်တော်အမတ် အီးလီးယတ်စ် ဟက်ဇ်ရာတီက အစိုးရရုပ်သံကို ပြောပါတယ်။ တိုက်ခိုက်သူတွေကို လုံခြုံရေးတပ်က ဝိုင်းထားပြီး လွှတ်တော်တံခါးတွေအားလုံး ပိတ်ထားတယ်လို့ လွှတ်တော်အမတ် နောက်တဦးက ပြောကြောင်း ISNA သတင်းက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက တာဝန်ခံ ကြေညာကြောင်း အိုင်အက်စ်တွေရဲ့ သတင်းဌာန AMAQ က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up