ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 7, 2017
နွေသီးထပ်(ဆန်)
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေသီးထပ်(ဆန်) ရှယ် ၁ အိတ်ကို ငွေကျပ် ၁၈,၀၀၀ ကနေ ၁၈,၅၀၀ ကျပ်ဈေးရှိနေပြီး ၅၀၀ ဈေးကျသွားပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၁၂၃,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ်ဈေးရှိနေပြီး ၃,၀၀၀ ကျပ်ဈေးကျသွားပါတယ်။
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈၇၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၈,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၆၄၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၇,၀၀၀ ကျပ်ဈေးတက်သွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁,၄၀၀ ကနေ ၂,၃၃၅ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၈၀ ကျပ်ဈေးတက်သွားပါတယ်။
ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြုကုတ်)ကတော့ ဒီနေ့ကမှာ ၁ ပိဿာကို ငွေကျပ် ၁,၇၀၀ ကနေ ၁,၈၅၀ ကျပ်ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်သွားပါတယ်။
ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုတ်(ဗမာ) ၁ အိတ်ကို ငွေကျပ် ၈၄,၀၀၀ ကနေ ၈၅,၀၀၀ ကျပ်ဈေးရှိပြီး ကျပ် ၁,၀၀၀ ဈေးကျသွားပါတယ်။
ဆား
ပခုက္ကူ ကုန်စည်ဒိုင်မှာ ဆား ၁ အိတ်ကို ငွေကျပ် ၁၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၈၀၀ ကျပ် ဈေးတက်သွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA