A d v e r t i s e m e n t With Us

ကိုကင်း ၁၂ ကီလို သယ်ဆောင်လာသည့် ဟောင်ကောင်ခရီးသည်များကို ထိုင်းတွင် ဖမ်းဆီး

ဓာတ်ပုံ - supplied
ကိုကင်း ၁၂ ကီလို မှောင်ခိုကူးမှုနဲ့ ဟောင်ကောင် ခရီးသည်တွေကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံကနေ ဟောင်ကောင်ကို ကိုကင်းတွေတင်သွင်းဖို့အတွက် ထိုင်းမှာ ခရီးတထောက်နားမယ့်အရေးကို ဟောင်ကောင်ရဲတွေက ထိုင်းကို သတင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဟောင်ကောင်ခရီးသွားတွေကို ဇွန်လ ၃ ရက်နေ့က ဖမ်းခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က ဇွန်လ ၆ ရက်နေ့မှာ ကြေညာပါတယ်။ အဖမ်းခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်တွေဖြစ်ပြီး သူတို့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ကိုကင်းစုစုပေါင်း ၁၂ ဒသမ ၃ ကီလိုကို သယ်ဆောင်လာတာ တွေ့ခဲ့ပါတယ်။ ၃ ယောက်လုံးကို တရားမဝင် မူးယစ်ဆေး ပိုင်ဆိုင် မှောင်ခိုကူးမှုနဲ့ တရားစွဲထားပါတယ်။ သူတို့ကို မင်လို့ နာမည်ပေးထားတဲ့ ဟောင်ကောင်အမျိုးသမီးက ငှားခဲ့တာဖြစ်တယ်၊ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးတွေ သွင်းပေးရင် တယောက်ကို ဟောင်ကောင်ဒေါ်လာ ၈ ထောင်စီ ပေးမယ်လို့ ပြောခဲ့တယ်၊ သူ့ကို ဘန်ကောက်မြို့လယ်က ဟိုတယ်မှာ တွေ့ဖို့ ချိန်းထားတယ်လို့ အဖမ်းခံရတဲ့ လူငယ် ၃ ယောက်က ပြောပါတယ်။ မင်ကတော့ ထွက်ပြေးသွားပြီလို့ အစီရင်ခံထားပါတယ်။ တရားမဝင် မူးယစ်မှောင်ခိုကူးတဲ့ ကွင်းဆက်ကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ONCB က ကြေညာချက် ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up