Home
မြန်မာသတင်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် လက်ပတ်ဖြူ လှုပ်ရှားမှုစတင်
ပိုင်စိုး
·
June 7, 2017
  သတင်းမီဒီယာတွေကို အစိုးရနဲ့ တပ်မတော်တို့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုအရေးယူနေတာတွေကို ကန့်ကွက်တဲ့ အနေနဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက လက်ပတ်ဖြူ လှုပ်ရှားမှုကို စမယ်လို့  ကြေညာလိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို  ဇွန်၈ ရက်နေ့ကနေ ၁၈ ရက်အထိ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံတဝန်းက သတင်းသမားတွေအနေနဲ့ “သတင်းလွတ်လပ်ခွင့် ရှိရမည်” ဆိုတဲ့ တံဆိပ်ပါ လက်ပတ်ဖြူ၊ ဒါမှမဟုတ် လက်ကိုင်ပုဝါ၊ အဝတ်အဖြူကို ညာလက်မောင်းမှာ တပ်ဆင်ကြဖို့  နှိုးဆော်ထားပါတယ်။ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးနေတဲ့ ၆၆ (ဃ) နဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေတွေကို ပြင်ဆင် ဖျက်သိမ်းဖို့၊ အစိုးနဲ့ တပ်မတော်၊ အဖွဲ့အစည်းတွေက စွဲဆိုထားတဲ့ ပုဒ်မ ၆၆ အမှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် မီဒီယာ လွတ်လပ်ခွင့်အတွက် အဆင့် ၃ ဆင့်နဲ့ လှုပ်ရှားသွားမှာ ဖြစ်ပြီး လက်ပတ်ဖြူလှုပ်ရှားမှုက ပထမအဆင့် ဖြစ်ပါတယ်။ ဒုတိယ အဆင့်ကတော့ ဇွန် ၂၀ ရက်နေ့ကနေ ဇွန်လကုန်အထိ လက်မှတ်တွေ စုဆောင်းပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေဆီကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ တောင်းဆိုချက်တွေအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ကြေညာထားပါတယ်။ သတင်းမီဒီယာသမားများအပေါ် ၆၆(ဃ)နှင့်အရေးယူထားစာရင်း   ၁။ DVB အလွတ်တန်းသတင်းထောက်ကိုဝဏ္ဏထွန်း (သတင်းထောက်ကိုဝဏ္ဏထွန်းရဲ့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအကြောင်းရုပ်သံ သတင်းကို ရွာခံတဦးက facebook ပေါ်တင်ခြင်း) ၂။ ကုမုဒြာဂျာနယ်သတင်းထောက်ဦးမျိုးခိုင်  (မြေယာအငြင်းပွားမှုသတင်းကိစ္စရေးသားခြင်း) ၃။ သူရိယအလင်းဂျာနယ်သတင်းထောက်ဦးဇော်မျိုးဦးနှင့်ဇနီးမစန်းစန်းအေး (ဘီတွတ်ကျေးရွားနှင့်ပတ်သက်၍ facebookတွင်မဟုတ်မမှန်ရေးသားသည်ဟုစွပ်စွဲခံရခြင်း) ၄။ Elevenသတင်းစာမှ ဒေါက်တာသန်းထွဋ်အောင်နှင့်ကိုဝေဖြိုး (ဝန်ကြီးချုပ်တစ်ဦးကဒေါ်လာသိန်းချီတန်သောနာရီကိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ လက်ဆောင်ရယူသည်ဟု သတင်းစာနှင့် facebookတွင်ရေးသားခြင်း) ၅။ သူရိယနေဝန်းဂျာနယ်တိုက်မှ ဆောင်းပါးရှင်ထောင်သူရဲဘအုပ်၊ ထုတ်ဝေသူ ဦးခင်အေး နှင့် အုပ်ချုပ်သူ ဦးကျော်တင့် (၂ဝ၁၅ခုနှစ်ထုတ်သူရိယနေဝန်းဂျာနယ်များတွင် သူရဦးရွှေမန်းတို့အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေရန် ဆောင်းပါးများရေးသားခြင်း) ၆။ Myanmar Now သတင်းထောက်ချုပ်ကိုဆွေဝင်း (ဦးဝီရသူသတင်းအား facebookတွင် ပြန်Shareခြင်းအပေါ် ဦးဝီရသူအား ဂုဏ်သိက္ခာ ကျဆင်းစေရန်  ရေးသားခဲ့သည်ဟု စွပ်စွဲခံရခြင်း။) ၇။ New Watchဂျာနယ်မှ အလွတ်တန်းသတင်းထောက် ဦးမောင်မောင်ထွန်း (ကြေးမုံသတင်းစာမှာဖော်ပြခဲ့တဲ့ မြို့မဈေးသတင်းဟာ လက်တွေ့နဲ့ကိုက်ညီမှုမရှိကြောင်းကို Tomorrow ဂျာနယ်တွင်ဖော်ပြကာ facebook ပေါ်တင်ခဲ့ခြင်း) ၈။ အလွတ်တန်းသတင်းထောက်မဟာမင်း (မူဆယ်ရှိလူကုန်ကူးရဲတပ်ဖွဲ့ကို facebook ပေါ်တွင်ဝေဖန်ရေးသားခြင်း) ၉။ The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ နှင့် ဗြိတိသျှကိုကိုမောင် (ကျည်ထောင်စုသစ္စာ အမည်ရှိ သရော်စာရေးသားခြင်းနှင့် သတင်းစာတွင် ဖော်ပြခြင်းကြောင့် တပ်မတော်မှ တရားစွဲဆိုထားခြင်း) ကိုးကား- ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024