လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖြားယောင်းမှုဖြင့် အူဘာကုမ္ပဏီဝန်ထမ်း ၂၀ ကို အလုပ်ထုတ်

747
တက္ကစီကားဝန်ဆောင်မှုနဲ့ နာမည်ကျော်တဲ့ အူဘာ (Uber) ကုမ္ပဏီရဲ့ ဝန်ထမ်းအယောက် ၂၀ ကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖြားယောင်းမှုနဲ့ အလုပ်ထုတ်ပစ်လိုက်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
အူဘာကုမ္ပဏီရဲ့ ဝန်ထမ်းတွေက ကုမ္ပဏီမှာ ခွဲခြားဆက်ဆံတာ၊ အနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖြားယောင်းတာတွေ ရှိတယ်လို့ တိုင်ကြားတဲ့အတွက် ဥပဒေအကျိုးဆောင်အဖွဲ့တဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
တိုင်ကြားတဲ့ ဝန်ထမ်းအများစုဟာ အမေရိကန် ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ကုမ္ပဏီရုံးချုပ်က ဖြစ်ပါတယ်။
အဲဒီ ဥပဒေအကျိုးဆောင်အဖွဲ့ဟာ အခုလို စုံစမ်းစစ်ဆေးမှုကို အမေရိကန်ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါ (Eric Holder) နဲ့ လက်တွဲလုပ်ဆောင်ပြီးတဲ့နောက် အပြစ်ရှိတဲ့ ဝန်ထမ်း ၂၀ ကို အလုပ်ဖြုတ်လိုက်တာဖြစ်ပါတယ်။
အူဘာကုမ္ပဏီဟာ မိုဘိုင်း app ကို အသုံးပြုပြီး တက္ကစီကား ဝန်ဆောင်မှုနဲ့ အစားအစာပို့ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။