ရန်ကုန်မြို့တော်သာယာရေးအတွက် Clean Yangon လှုပ်ရှားမှု ပြုလုပ်မည်


692
ရန်ကုန်မြို့တော်သာယာရေးအတွက် Clean Yangon အစီအစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်း မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
Clean Yangon အမှိုက်ကောက် လှုပ်ရှားမှုကို ပရဟိတအဖွဲ့ ၄၀ ခန့်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ပညာပေးယာဉ်နဲ့ လှည့်လှည်မှုတွေ ပြုလုပ်သွားမယ်လို့ YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ပြောပါတယ်။