ကာတာနိုင်ငံသို့ ပုံမှန်သွားနေသည့် ဆော်ဒီကုန်ကားများ နယ်စပ်တွင် ရပ်ထားရ

ဓာတ်ပုံ - ရိုက်တာ
739
ကာတာနိုင်ငံဆီ နေ့စဉ်သွားနေကျ ဆော်ဒီကုန်ကားတွေ ဇွန်လ ၆ ရက်နေ့က နယ်စပ်မှာ ရပ်ထားရပါတယ်။
ကာတာနဲ့ တခြား ပင်လယ်ကွေ့နိုင်ငံတွေကြား သံတမန်ရေးဆိုင်ရာ ကတောက်ကဆ ဖြစ်မှုကြောင့် ခုလိုဖြစ်တာပါ။
ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဘာရိန်းနိုင်ငံတို့က ကာတာနိုင်ငံဆီသွားတဲ့ နယ်စပ်တွေ သွားလာရေး လမ်းကြောတွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။
ကာတာနိုင်ငံသား ဒေသခံတွေနဲ့ ဧည့်သည်တွေ သီတင်းနှစ်ပတ်အတွင်း ထွက်ခွာကြဖို့ အချိန်ပေးခဲ့ပါတယ်။
ကာတာနိုင်ငံက လေယာဉ်တွေ ဆင်းသက်ခွင့်ရော လေပိုင်နက်ထဲ ဖြတ်ပြီး ပျံသန်းခွင့်ပါ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ကာတာဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ အီရန်ကို ထောက်ပံ့နေတယ်လို့ စွပ်စွဲရင်း အာရပ်ကမ္ဘာရဲ့ အကြီးဆုံး သြဇာရှင်နိုင်ငံတွေက ကာတာနဲ့ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။
ဒါဟာ အကြမ်းဖက်မှုနှိမ်နင်းရေး မွတ်စလင်နိုင်ငံတွေကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုအပြီး သီတင်းနှစ်ပတ်အကြာမှာ ဖြစ်ခဲ့တာပါ။