နောက်ခံလူဗန်ဒိုက်ကို ခေါ်ယူရေး လီဗာပူးကြိုးပမ်းမှု စစ်ဆေးပေးရန် ဆောက်သမ်တန် တောင်းဆို

ဓာတ်ပုံ - Getty Images
652
နောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ လီဗာပူးအသင်း ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်က စစ်ဆေးပေးဖို့ ဆောက်သမ်တန်အသင်းက တောင်းဆိုလိုက်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ နောက်ခံလူ ဗန်ဒိုက်ကို ရောင်းချလိုခြင်းမရှိပေမယ့် လီဗာပူးအသင်းက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားပြီး ကစားသမားကိုလည်း တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ဆောက်သမ်တန်အသင်းက စွပ်စွဲထားပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့် ဆောက်သမ်တန်အသင်းက ထွက်ခွာခွင့်မပြုတာကြောင့် အခက်အခဲဖြစ်နေတာပါ။
နောက်ခံလူ ဗန်ဒိုက်ဟာ ဆဲလ်တစ်အသင်းကနေ ပေါင် ၁၁ ဒသမ ၅ သန်းနဲ့ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကြောင့် အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
လီဗာပူးအသင်းဟာ နောက်ခံလူ ဗန်ဒိုက်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးချေမှာဖြစ်ပြီး တပတ်လုပ်ခ ပေါင်တသိန်းရှစ်သောင်းနဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။