A d v e r t i s e m e n t With Us

အရှင်ဂမ္ဘီရ ပြန်လည်လွတ်​မြောက်

အရှင်ဂမ္ဘီရ
ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့​ မနက် ၁နာရီခွဲခန့်​မှာ သက်ဆိုင်ရာက လာ​ရောက် ​ခေါ်​ဆောင်သွား​တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃာတပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ဦး​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရ အဲဒီညပိုင်း​မှာပဲ ပြန်လည် လွတ်​မြောက်လာပါတယ်။ [caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption] စစ်ရုံး​ချုပ်မှာ ​ခေါ်​ဆောင်​မေး​မြန်း​ပြီး​ နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေက ဩဝါဒ​ပေး​ပြီး​ ပြန်ခွင့်​ပြုလိုက်တဲ့​အတွက် ​ကျောင်း​ကို ပြန်​ရောက်​နေပြီလို့​ သင်္ဃန်း​ကျွန်း​မြို့​နယ် မဂ္ဂင်တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ဣိန္ဒက က မိန့်​ပါတယ်။ “ထူး​ခြား​ချက် ဘာလဲဆို​တော့​ သူ့​ကို ​ခေါ်သွား​စဉ်မှာ စစ်ရုံး​ချုပ်မှာ ထား​ပြီး​ သူ့​ရဲ့​ ကိုယ်​ရေး​ ရာဇဝင် အနည်း​ငယ် ​တောင်း​ပြီး​တော့​ စစ်ရုံး​ချုပ်ထဲမှာပဲ ဆွမ်း​ကပ်ပြီး​တော့​ ည​နေခင်း​လောက်မှာ သံဃမဟာနာယက ဆရာ​တော်​တွေဆီမှာ ဩဝါဒခံယူခိုင်း​တယ်။” အရှင်ဂမ္ဘီရကို ​ခေါ်​ဆောင်သူ​တွေက ရန်ကုန်တိုင်း​အစိုး​ရအဖွဲ့​ကလို့​ ​ပြောပြီး​ ပင့်​ဆောင်သွား​တာပါ။ အချိန်မ​တော် ​ခေါ်​ဆောင်သွား​တဲ့​သတင်း​ဟာ မ​နေ့​က ကမ္ဘာ့​သတင်း​တခုအဖြစ် မီဒီယာ​တော်​တော်များ​များ​မှာ ​ရေး​သား​ဖော်ပြ ထုတ်လွှင့်​သလို အ​မေရိကန်ပြည်​ထောင်စု အစိုး​ရကလည်း​ ချက်ချင်း​ ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပြီး​ နာရီပိုင်း​အကြာမှာ ပြန်လွတ်လာတာပါ။ အရှင်ဂမ္ဘီရ၊​ ဦး​ဣိန္ဒက အပါအဝင် သံဃာတချို့​ဟာ သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ​ထောင်က ပြန်လွတ်လာအပြီး​ မိမိတို့​ မူလ သီတင်း​သုံး​တဲ့​ ​ကျောင်း​တွေမှာ ပြန်လည်ဖွင့်​ပြီး​ ​နေထိုင်တဲ့​အ​ပေါ် ခွင့်​ပြုချက်မရဘဲ ပြစ်မှု ကျူး​လွန်တယ်လို့​ သက်ဆိုင်ရာက နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​ကို တိုင်ပါတယ်။ ဒီ​နောက် ဆင့်​ခေါ်ရာမှာ ပျက်ကွက်တဲ့​အတွက် အာဏာစက်ကိုသုံး​တာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အရှင်ဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကို ဦး​ဆောင်ရာမှာ ပါဝင်ပြီး​ ပတ္တနိက္ကုဇ္ဇနကံ​ဆောင်တာ​ကြောင့်​ အစိုး​ရက ဖမ်း​ဆီး​နှိပ်စက် လူဝတ်လဲပြီး​ ​ထောင် နှစ် ၆၀ ​ကျော်ချခံခဲ့​ရသူဖြစ်ပြီး​ ဒီနှစ်ဆန်း​ပေး​တဲ့​ သမ္မတ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up