ရှော်ကေးနောက်ခံကစားသမား ကိုလာစီနက်ကို အာဆင်နယ် ခေါ်ယူ

ဓာတ်ပုံ - Getty Images
အာဆင်နယ်အသင်းဟာ ရှော်ကေး ဘယ်နောက်ခံကစားသမား ကိုလာစီနက်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ ဘော့စနီးယားလက်ရွေးစင် ကိုလာစီနက်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ အသင်းကို တရားဝင်ရောက်ရှိလာမှာပါ။ ဂျာမနီလူငယ်လက်ရွေးစင်အသင်းတွေမှာ ကစားဖူးတဲ့ ကိုလာစီနက်ကို ချဲလ်ဆီး၊ မန်စီးတီး၊ ဂျူဗင်တပ်၊ အေစီမီလန်နဲ့ တခြားအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ကိုလာစီနက်ဟာ ဘယ်နောက်ခံကစားသမားတဦးဖြစ်ပြီး နောက်ခံဗဟိုနေရာနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ကိုလာစီနက်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုတယ်လို့ ဖော်ပြထားပြီး နှစ်အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up