ဇွန်လ ၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
June 7, 2017
ဇွန်လ ၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၅၇ ကျပ်၊ ၁ ယူရိုငွေကို ၁၅၂၉ ဒသမ ၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၈၂ ဒသမ ၉၄ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၃၈ ဒသမ ၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၉ ဒသမ ၇၀ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၁၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၁၈ ဒသမ ၀၆ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၉ ဒသမ ၉၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၁၂၆၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၁၂၈၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၉၁ ဒေါ်လာ ဈေးပေါက်ပါတယ်။