Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ်၏ မြန်မာပြည်ခရီးစဉ်အပေါ် ဂျပန်လွှတ်တော်တွင် ထပ်မံဝေဖန်ခံရ
ဇော်ဇော်လှိုင်
·
June 7, 2017
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း Kake Educational Institute ရဲ့ ဦးဆောင်သူနဲ့အတူ အစိုးရအဖွဲ့ဝင်တွေပဲ စီးရတဲ့ လေယာဉ်ကိုစီးပြီး သွားရောက်ခဲ့တာကို လွှတ်တော်မှာ ဇွန်လ ၆ ရက်က ဂျပန်လွှတ်တော်မှာ တင်ပြပြီး နှစ်ဦးသားအကြား ခင်မင်ရင်းနှီးမှုနဲ့ ပညာရေးအရှုပ်တော်ပုံကို ထပ်မံသက်သေပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးဟာ ဝန်ကြီးချုပ် သြဇာအရှိန်အဝါသုံးပြီး Kake Educational Institute ရဲ့ တိရစ္ဆာန်ဆေးကုဘာသာရပ်ကို တိုးချဲ့ဖွင့်လှစ်ဖို့ ခွင့်ပြုမိန့် ချပေးခဲ့တယ်ဆိုပြီး ပညာရေးဒုဝန်ကြီးဟောင်းက ထုတ်ဖော်ပြောဆိုလာပြီး အစွပ်အစွဲခံနေရချိန်မှာ အခုလို ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်အထိ အတူသွားလာခဲ့တာကိုပါ အထောက်အထားနဲ့ တင်ပြလာတဲ့အတွက် အများပြည်သူတွေ ပိုမိုအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ ပညာရေးသုတေတီပညာရှင်အဖွဲ့က အကြိမ်ကြိမ် ပယ်ချခံနေရတဲ့ အဆိုပါကျောင်းရဲ့ တိရစ္ဆာန်ဆေးကုဘာသာရပ်ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက်မှာ တိုးချဲ့ဖွင့်လှစ်ဖို့ ခွင့်ပြုမိန့်နဲ့ ရန်ပုံငွေ ၁၀ ဘီလီယံနီးပါး ချပေးခဲ့တာကို မိတ်ဆွေရင်းဖြစ်လို့ အရှိန်အဝါ အသုံးချပေးတာဆိုပြီး ဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော် အခိအဲစံက မြန်မာနိုင်ငံ ကျေးလက်ဒေသများမှာ စာသင်ကျောင်း ဆောက်လုပ်ပေးခြင်း အပါအဝင် ပညာရေး အထောက်အပံ့များကို ၁၀ နှစ်ကျော် အားသွန်ခွန်စိုက် ဆောင်ရွတ်နေသူလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024