A d v e r t i s e m e n t With Us

ချန်ပီယံလိဂ်ဖလားရပြီးနောက် ကိုယ်ပိုင်လေယာဉ်ပေါ်တွင် သီချင်းဆို ကခုန်ခဲ့သည့် ရော်နယ်ဒို (ရုပ်သံ)

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ အသင်းနဲ့အတူ ၂ နှစ်ဆက် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ သီချင်းသီဆိုပြီး ကခုန်နေတဲ့ ဗွီဒီယိုဖိုင်ကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဆံပင်ပုံစံအသစ်ကိုလည်း ပြောင်းညှပ်ထားပါတယ်။ ရော်နယ်ဒိုက သူ့အနေနဲ့ ဂိုးလည်းသွင်းနိုင်ပြီး ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့တာကြောင့် သူ့ရဲ့ကတိစကားအရ ဆံပင်တိုညှပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုဟာ သွင်းဂိုးပေါင်း ၆၀၀ ထိ ရှိခဲ့သလို လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဖလား၊ လာလီဂါ အမှတ်ဖလားတို့ကို ရရှိထားပြီး ရာသီအကုန်မှာ အကောင်းဆုံးဆုတံဆိပ်တွေ ရရှိဖို့အတွက် အခြေအနေကောင်းနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up