မိုရာမုန်တိုင်းဘေးကယ်ဆယ်ရေးပစ္စည်းများ တင်လာသည့် အိန္ဒိယစစ်သင်္ဘော ရန်ကုန်ရောက်
DVB
·
June 7, 2017
အိန္ဒိယနိုင်ငံရေတပ်မှ ကမ်းလွန်ကင်းလှည့်စစ်သင်္ဘော SUMITRA ဟာ မြန်မာနိုင်ငံက မိုရာမုန်တိုင်းဒဏ် ခံလိုက်ရသူတွေအတွက် သဘာဝဘေးကယ်ဆယ်ကူညီရေးပစ္စည်းတွေ တင်ဆောင်လာပြီး ရန်ကုန် သီလ၀ါဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက ပေးအပ်တဲ့ အစားအစာ၊ သောက်သုံးရေ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးအထောက်အပံ့တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က သီလဝါဆိပ်ကမ်းမှာ မနေ့က လက်ခံလွှဲပြောင်းယူခဲ့တယ်လို့ အိန္ဒိယသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိန္ဒိယ စစ်သင်္ဘောဟာ ဇွန် ၆ ရက်ကနေ ၈ ရက်ထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သင်္ဘောပေါ်မှာ အရာရှိနဲ့ တပ်သားတွေ အပါအဝင် စုစုပေါင်း ၁၀၀ ကျော် ပါဝင်လာပါတယ်။
ဓာတ်ပုံ- အိန္ဒိယသံရုံး