A d v e r t i s e m e n t With Us

ရဲအရာရှိကို တူဖြင့်ရိုက်ပြီး တိုက်ခိုက်ခဲ့သူကို ပြင်သစ်ရဲ ပစ်ခတ်ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
ဇွန်လ ၆ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့ နိုထိုဒမ် ခရစ်ယန်ဘုရားကျောင်းရှေ့မှာ  ရဲအရာရှိတဦးကို တူနဲ့ရိုက်ပြီး တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ လူငယ်တဦးက “ဒါ ဆီးရီးယားအတွက်” လို့ အော်ဟစ်ပြီး လုံခြုံရေးယူနေတဲ့ ရဲအရာရှိတဦးကို အရင်ဆုံး တိုက်ခိုက်ခဲ့တဲ့အတွက် တခြားရဲအရာရှိတဦးက ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်သူ ဒဏ်ရာရရှိခဲ့ပေမယ့် နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်ဖြစ်ချင်းမှာပဲ ပြင်သစ်ရဲတပ်ဖွဲ့က လူတထောင်နီးပါး ဝတ်ပြုနေတဲ့ ဘုရားကျောင်းထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး အကြမ်းဖက်သမားနဲ့ ဆက်နွယ်နေတဲ့ ကွန်ရက်ရှိမရှိ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပါတယ်။ တိုက်ခိုက်သူဟာ ပြင်သစ်မှာ ပညာသင်နေတဲ့ အယ်လ်ဂျီးယားကျောင်းသားဖြစ်ပြီး လောလောဆယ်မှာတော့ သူတဦးတည်း တိုက်ခိုက်ခဲ့တာလို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ မေလ ၁၄ ရက်နေ့ကစလို့ သမ္မတသစ် မာခွန်း တက်လာပြီးတဲ့နောက် ပြင်သစ်နိုင်ငံမှာ ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up