A d v e r t i s e m e n t With Us

လယ်​ဝေး​မြို့​ဓာတ်ဆီဆိုင် မီး​လောင်

နေပြည်​တော် လယ်​ဝေး​မြို့​နယ်မှာ ​ဖေ​ဖော်ဝါရီ ၈ ရက်​နေ့​ မနက်ပိုင်း​က ဓာတ်ဆီဆိုင်မှာ မီး​လောင်ပါတယ်။ လယ်​ဝေး​မြို့​ပြင် ​တောင်ဘက် နှစ်ဖာလုံခန့်​အကွာမှာ ဖွင့်​လှစ်ထား​တဲ့​ လမ်း​ဘေး​ဓာတ်ဆီဆိုင်မှာ ​ဆေး​လိပ်မီး​ပွား​က​နေ မီး​ကူး​စက်​လောင်ကျွမ်း​တာလို့​ လယ်​ဝေး​မြို့​ခံတဦး​က ​ပြောပါတယ်။ “၉ နာရီခွဲ​လောက်က​နေပြီး​တော့​ ​လောင်တာ ၁၁ နာရီ​လောက်ထိ​အောင် ​လောင်တယ်။ ကျ​နော်တို့​ ​ရေနဲ့​ဖြန်း​လို့​မရဘူး​ဗျ ​နောက်ဆုံး​ ဂတ်စ်နဲ့​ဖြန်း​တဲ့​ကား​ ပျဉ်း​မနား​က​နေ လာ​တော့​မှ ငြိမ်း​သွား​တယ်။ ပီပါကြီး​တွေက​တော့​ ​ပေါက်လိုက်တာ ​ကောင်း​ကင်ကို ​ပေ ၅၀ ​လောက် မြင့်​သွား​တယ်။ လယ်​ဝေး​က​နေ လှမ်း​ကြည့်​နေတာ​ပေါ့​။ ကျ​နော် ​နေ့​လယ် ၁ နာရီ သွား​တဲ့​ထိ​တောင် လမ်း​ပိတ်ထား​တုန်း​။ ပျဉ်း​မနား​ရော၊​ ​နေပြည်​တော်​ရော မီး​သတ်ကား​ ၁၄၊​ ၁၅ စီး​လောက်နဲ့​ ဝိုင်း​လောင်း​ရတာ။ ​ပေါ့​ပေါ့​လေး​မဟုတ်ဘူး​။ အဲဒါ​ကြောင့်​ လမ်း​ဘေး​ဆိုင် အဲဒီ​လောက် ကြီး​ကျယ်တာ၊​ တအား​လန့်​နေတာ မြို့​ပေါ်ကလူ​တွေ။” လောင်ကျွမ်း​တဲ့​ဆိုင်ဟာ ​ပေ ၄၀ စတုရန်း​ အရွယ်အစား​နဲ့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​ရောင်း​နေရတဲ့​ ဆိုင်ဖြစ်ပြီး​ အနည်း​ဆုံး​ ကျပ်​ငွေသိန်း​ထောင်ချီ ဆုံး​ရှုံး​နိုင်တယ်လို့​ သူက ခန့်​မှန်း​ ​ပြောဆိုပါတယ်။ မီး​လောင်တဲ့​ဆိုင်ဟာ မြို့​တောင်ပိုင်း​က လမ်း​ဘေး​ဆိုင် ဖြစ်ပြီး​ လယ်​ဝေး​မြို့​မြောက်ဘက်မှာ တရား​ဝင် ​ရောင်း​ခွင့်​ရထား​တဲ့​ ကုမ္ပဏီဆိုင် တဆိုင်လည်း​ ရှိ​နေပါတယ်။ အစိုး​ရက ပုဂ္ဂလိက ကုမ္ပဏီ​တွေကို ဖွင့်​လှစ်​ရောင်း​ချခွင့်​ ​ပေး​ရာမှာ လုံ​လောက်​အောင် မဖြန့်​ဖြူး​နိုင်လို့​ အကျိုး​ဆက်အဖြစ် လူ​နေရပ်ကွက်​တွေထဲမှာ ​လောင်စာဆီသို​လှောင် ​ရောင်း​ချတဲ့​ ​မှောင်ခို​ဈေး​ကွက် ဖြစ်ထွန်း​နေပြီး​ မီး​ဘေး​စိုး​ရိမ်ရတယ်လို့​ သူက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up