Home
မြန်မာသတင်း
ဆောက်လုပ်ရေးအမြဲတမ်းအတွင်းဝန် ဦးကျော်လင်းကို ဒုဝန်ကြီးအဖြစ် ခန့်အပ်
DVB
·
June 6, 2017
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကို ပြည်ထောင်စု ဒုဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေတွေအရ ခန့်အပ်တာဝန်ပေးအပ်လိုက်တာလို့ ဇွန် ၅ ရက်နဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့်စာမှာ ဖော်ပြထားပါတယ်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း ဦးဌေးဝင်းကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတက သီးခြား အမိန့်ထုတ်ပြန်ထားပါတယ်။ ခန့်အပ်ခံရတဲ့ ဦးဌေးဝင်းဟာ  အရင်က ကျန်းမာရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်က အနားယူချိန်မှာတော့ အန်အယ်လ်ဒီရဲ့ ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေခဲ့တာပါ။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ နာမည်စာရင်း တင်သွင်းမှုအရ ပြီးခဲ့တဲ့လက တိုင်းလွှတ်တော်ရဲ့ သဘောထားဆန္ဒ ရယူခဲ့ပြီး ကန့်ကွက်သူ မရှိတဲ့အတွက် စီမံဘဏ္ဍာဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အရင် စီမံဘဏ္ဍာဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးလှကျော်ဟာ စိုက်ပျိုးမွေးမြူရေး ပြည်ထောင်စုဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရတဲ့အတွက် ရာထူးနေရာ လစ်လပ်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024