ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 6, 2017
နှမ်းနက်(စမုံ)
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၁၂၃,၀၀၀ ကနေ ၁၂၅,၀၀၀ ကျပ် ဈေးရှိနေပြီး ကျပ် ၁,၀၀၀ ဈေးကျသွားပါတယ်။
နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာပဲ နှမ်းနက် ၁ အိတ်ကို ငွေကျပ် ၈၅,၀၀၀ ကနေ ၉၅,၀၀၀ ဈေးရှိနေပြီး ကျပ် ၅,၀၀၀ ဈေးကျသွားပါတယ်။
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၈၄၈,၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ဈေးနဲ့နှိုင်းယှဉ်ရင် ၁ တန်ကို ၁၄,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၆၃၉,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ကျပ် ၃,၀၀၀ ဈေးတက်သွားပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၂၆၀ ကနေ ၃,၀၁၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ကျပ် ၁၀၀ ကျော် ဈေးတက်သွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ကျပ် ၇၂၅ ကနေ ၁,၀၂၅ ကျပ် ပေါက်ဈေးရှိနေပြီး ကျပ် ၁၀၀ ကျော် ဈေးတက်သွားပါတယ်။
ကြက်သွန်ဖြူ (အောင်ပန်း၊တောင်ကြီး)
ကြက်သွန်ဖြူ (အောင်ပန်း၊တောင်ကြီး)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၂,၇၀၀ ကနေ ၃,၇၀၀ ကျပ် ပေါက်ဈေး ရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ်ဈေးကျသွားပါတယ်။
မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ ၁ ပိဿာကို ငွေကျပ် ၂,၂၅၀ ကနေ ၂,၂၇၅ ကျပ်ဈေးရှိပြီး ကျပ် ၅၀ ဝန်းကျင် ဈေးကျသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA