Homeသတင်းဓာတ်ပုံ
မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဒုသမ္မတ ဦးမြင့်ဆွေ မင်္ဂလာရွှေမောင်းတီး ဖွင့်လှစ် (ဓာတ်ပုံ)
မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဒုသမ္မတ ဦးမြင့်ဆွေ မင်္ဂလာရွှေမောင်းတီး ဖွင့်လှစ် (ဓာတ်ပုံ)
နေဖြိုးဝင်း
·
June 6, 2017
မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် Myanmar Investment Forum 2017 ကို နေပြည်တော်ရှိ MICC II ခမ်းမမှာ ဒီကနေ့ စတင်ကျင်းပနေရာမှာ ဒုသမ္မတ ဦးမြင့်ဆွေက မင်္ဂလာရွှေမောင်းကို သုံးချက်တီးပြီး အခမ်းအနားဖွင့်လှစ်ပေးခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဇွန် ၆ ရက်ကနေ ၇ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ ပြည်တွင်း ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တက်ရောက်နေကြပါတယ်။