အိန္ဒိယက စွမ်းရည်အမြင့်ဆုံးဒုံးပျံကို အသုံးပြုပြီး ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ စွမ်းရည်အမြင့်ဆုံး ဒုံးပျံကို အသုံးပြုပြီး ဆက်သွယ်ရေးဂြိုဟ်တု တလုံးကို ဇွန်လ ၅ ရက်နေ့က လွှတ်တင်လိုက်ပါတယ်။ အမ်ကေ ၃ (MK III) ဆက်သွယ်ရေးဂြိုဟ်တုကို အိန္ဒိယတောင်ပိုင်း ရှရီဟရီခိုတ (Sriharikota) အာကာသာယာဉ်လွှတ်တင်ရေးစခန်းကနေ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၈ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ပြည်တွင်းဖြစ် အာကာသ အစီအစဉ်ကို မြှင့်တင်နေတာဖြစ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ နည်းပညာတွေကိုလည်း ထုတ်ဖော်ပြသလျက် ရှိပါတယ်။ အခုနှစ် ဖေဖော်ဝါရီလကလည်း ဒုံးပျံတခုတည်းမှာ လဆက်သွယ်ရေးဂြိုဟ်တု ၁၀၄ လုံးထိပါတဲ့ ဒုံးပျံလွှတ်တင်မှု ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီဂြိုဟ်တုတွေထဲမှာ အများစုဟာ တခြားနိုင်ငံက ဆက်သွယ်ရေးဂြိုဟ်တုတွေပဲ ဖြစ်ပါတယ်။ အိန္ဒိယဟာ အခုဒုံးပျံကို လွှတ်တင်လိုက်နိုင်ခြင်းဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်တန်ဖိုးရှိတဲ့ ကမ္ဘာ့အာကာသလုပ်ငန်းမှာ ဈေးကွက်ဝေစုပိုရဖို့အတွက် အလားအလာကောင်းတွေ တိုးတက်လာတာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up