A d v e r t i s e m e n t With Us

လေကြောင်းစွမ်းရည်ပြိုင်ပွဲကို ကင်ဂျုံအန်း စစ်ဆေးခဲ့သည့် ဗွီဒီယို ထုတ်လွှင့်


လေကြောင်းစွမ်းရည်ပြိုင်ပွဲကို ကင်ဂျုံအန်း စစ်ဆေ... မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း လေကြောင်းစွမ်းရည်ပြိုင်ပွဲကို စစ်ဆေးခဲ့တဲ့ ဗွီဒီယိုကို နိုင်ငံပိုင်သတင်းဌာန ကေအာတီက ဇွန်လ ၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီဗွီဒီယိုမှာ ကင်ဂျုံအန်းက မြေပြင်ပေါ်ရှိပစ်မှတ်ကို တိုက်လေယာဉ်တွေ ဗုံးကြဲချမှု အပါအဝင် နှစ်စဉ်ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှု စွမ်းရည်ပြိုင်ပွဲကို ကြည့်ရှုခဲ့တာပါ။ မနှစ်တုန်းက မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အပြီးမှာ တခုတည်းသော မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံက ကုလသမဂ္ဂ အရေးယူဒဏ်ခတ်မှုနဲ့အတူ မြောက်ကိုရီးယားကို လေယာဉ်လောင်စာဆီနဲ့ ဒုံးကျည်လောင်စာအဖြစ်သုံးတဲ့ ရေနံထုတ်ကုန်တွေ တင်ပို့မှု တားမြစ်ခဲ့ပါတယ်။ ပထမဆုံး နျူကလီးယားဒုံးကျည် စမ်းသပ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုပြီး ပယ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up