Home
ရုပျသံ
ပုဒ်မ ၆၆ (ဃ)ဖြင့် ဖမ်းဆီးခံရသည့် ပုသိမ်မြို့က ဦးထွန်းထွန်း အာမခံရရှိ (ရုပ်သံ)
သော်ဇင်မျိုး
·
June 6, 2017
ငြိမ်းချမ်းရေးပြဇာတ်ကတာကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ တိုက်ရိုက်လွှင့်ခဲ့လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ပုသိမ်မြို့က တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းကို  ပုသိမ်မြို့နယ်တရားရုံးက ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၇ အပိုဒ် ၁ အရ သိန်း ၅၀တန် အာမခံပေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က ပုသိမ်ဟိုတယ်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကျောင်းသားတွေက ငြိမ်းချမ်းရေးပြဇာတ်ကို ကပြခဲ့ပြီး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးက သူ့ရဲ့ facebook မှာ တိုက်ရိုက်လွှင့်တင်ခဲ့တာပါ။ အဲ့ဒီ ပြဇာတ်ကပြရာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ စကားလုံး တွေပါဝင်လို့ဆိုပြီး ပြဇာတ်ကပြတဲ့ကျောင်းသား ၉ ဦးကိုလည်း တပ်မတော်က ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့သလို ဦးထွန်းထွန်းဦးကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့်ခဲ့တာပါ။ ဦးထွန်းထွန်းဦးကို ဇွန်၎ရက်ကမြို့မရဲစခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး ဇွန်လ ၅ ရက်နေ့မှာတော့ ပုသိမ်မြို့နယ်တရားရုံးမှာအာမခံရရှိခဲ့ပါတယ်။ တရားစွဲဆိုခံရသူ ဦးထွန်းထွန်းဦးကတော့ သူ့အနေနဲ့ ငြိမ်းချမ်းရေးအလုပ်ရုံ ဆွေးနွေးပွဲတခုလုံးကို facebook ပေါ်မှာ တိုက်ရိုက်ဗီဒီယိုလွှင့်ခဲ့တာဖြစ်ပြီး ပြဇာတ်အနေနဲ့ အစိတ်အပိုင်းတခုပါရှိခဲ့ပြီး ကြိုတင်သိရှိတာမျိုးမဟုတ်တဲ့အတွက် အခုလိုတရားစွဲဆိုတာဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ ဦးထွန်းထွန်းဟာ ပုသိမ်မြို့မှာ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများအဖွဲ့ HRAA ကိုဖွဲ့စည်းပြီး လယ်ယာမြေအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို လှုပ်ရှားေ ဆာင်ရွက်နေသူဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024