ကချင်စစ်ပွဲ ပြန်လည်ဖြစ်ပွားမှု ၆ နှစ်ပြည့်အခမ်းအနား ရန်ကုန်တွင် ကျင်းပ
ထွန်းထွန်းသိန်း
·
June 6, 2017
ကချင်ပြည်နယ်မှာ စစ်ပွဲတွေပြန်လည်ဖြစ်ပွားမှု ၆ နှစ်ပြည့်(6th Anniversary of Resumed War in Kachin Region)အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပနေပါတယ်။
ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) အကြားမှာတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး လာမယ့် ဇွန်လ ၉ ရက်နေ့ဆို ၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေး ဒုက္ခသည် ၁ သိန်းခွဲကျော်ဟာ လက်ရှိအချိန်အထိ ခိုလူံနေရဆဲဖြစ်ပြီး နှစ်ကာလ ကြာရှည်လာ တာကြောင့် အစားအစာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ ကျန်းမာရေး၊ ပညာရေး အကူအညီ တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကချင်စစ်ဘေးဒုက္ခသည်ကူညီသူတွေက ပြောပါတယ်။
သတင်း-ထွန်းထွန်းသိန်း