Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ဖမ်းဆီးခံထားရသည့် ကလေးသူငယ် တရားခံ ၆ ဦးအနက် ၁ ဦး သေဆုံး
DVB
·
June 6, 2017
  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အမှတ် ၃ နယ်ခြားစောင့် စခန်းမှာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကလေးသူငယ် တရားခံ ၆ ဦးထဲက ၁ဦးသေဆုံးသွားတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးရာမှာ အသက် ၁၆ နှစ်အောက် ကလေးသူငယ် တရားခံ ၆ ယောက်လည်း ပါဝင်ခဲ့တာပါ။ သူတို့ဟာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ် အထိ ရှိကြပြီး သူတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မ ၃၃၃/ ၃၀၇/ ၃၄/၊ ၁၉ (က)၊၁၇ (၁)၊ ၁၇ (၂) စတဲ့ ပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးထားရာမှာ ကလေးသူငယ်တရားခံ မာမတ်ရော်ဖီး (ခေါ်) မာမတ် တာလောင်ဟာ အစာအိမ်ရောင်လို့ ဇန်နဝါရီ ၁၆ က ဘူသီးတောင် ဆေးရုံမှာ ဆေးကုသမှုခံခဲ့ရပြီး ဇန်နဝါရီ ၃၀ ရက်နေ့မှာ ထပ်ဖြစ်လာလို့ ဆေးရုံမှာ ကုသနေတုန်းမှာပဲ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆေးစာအရ နှလုံးမှာ အရည်စုတာကြောင့် သွေးလန့်သေဆုံးခဲ့ တာဖြစ်တယ်လို့ လည်းဆိုပါတယ်။ ကျန်တဲ့ ကလေးသူငယ်တရားခံ ၅ ယောက်ကိုတော့ ဘူးသီးတောင်မြို့နယ် ကလေးသူငယ်တရားရုံးမှာ ကလေးသူငယ်တရားသူကြီး ဦးဘသောင်းက ပွင့်လင်းမြင်သာစွာ အမှုကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024