A d v e r t i s e m e n t With Us

ရန်ကုန်တိုင်းအစိုးရ မှာယူထားသည့် YBS လက်ကျန်ယာဉ် ၆၅၀ ဇွန်လ ၉ ရက်နေ့ ရောက်မည်

  ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ မှာယူထားတဲ့ ကားတွေထဲက ကျန်နေတဲ့ အစီး ၆၅၀ ဇွန်လ ၉ ရက်နေ့ နောက်ဆုံးရောက်ရှိမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။ တရုတ်နိုင်ငံက မှာယူထားတဲ့ ဒေါ်လာ ၅၆၀၀၀ တန် YuTong အမှတ်တံဆိပ် ကားအစီးရေ ၁၀၀၀ ထဲက ကား ၃၅၀ ဟာ ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “ဒီနေ့ အစီး ၃၅၀ ရောက်မယ်။ ဇွန်လ ၉ ရက်နေ့ကျရင် အစီး ၃၀၀ ထပ်ရောက်မယ်။ အိုဟောင်းယာဉ်တွေနေရာမှာ အစားထိုးမယ်။ လိုအပ်တဲ့ ကုမ္ပဏီတွေကို ဖြည့်သွားမယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အများပိုင်ကုမ္ပဏီ တချို့က မှာယူထားတဲ့ ကားအစီး ၁၀၀၀ လောက်လဲ ဒီလထဲမှာ ထပ်ရောက်မှာဖြစ်တဲ့ စုစုပေါင်း ဇွန်လထဲမှာ ကားသစ် ၂၀၀၀ လောက် ရောက်ရှိလာမယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up