A d v e r t i s e m e n t With Us

ခြေချင်းဝတ်ဒဏ်ရာကြောင့် ဟာဇက် ၈ ပတ်ခန့် အနားယူရမည်

ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာကြောင့် ၆ ပတ်ကနေ ၈ ပတ်လောက်ထိ အနားယူရပါတော့မယ်။ ဘယ်လ်ဂျီယံအသင်းဟာ ချက်၊ အက်စ်တိုးနီးယားတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေတာဖြစ်ပြီး ဟာဇက် ဒဏ်ရာရသွားတာကြောင့် အဲဒီပွဲတွေကို လွဲချော်တော့မှာပါ။ အသက် ၂၆ နှစ်ရှိ ဟာဇက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဟာဇက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးတဲ့အတွက် အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ဟာဇက်က ပြောပါတယ်။ ဟာဇက်အနေနဲ့ သူ့ရဲ့ ခြေချင်းဝတ်ဒဏ်ရာကို ဆက်လက်စစ်ဆေးရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up