A d v e r t i s e m e n t With Us

ခန္ဓာကိုယ်မှ အမြီးပေါက်ပြီး ဟာနုမန်မျောက်မင်း ဝင်စားသည်ဟု နာမည်ကြီးနေသည့် ကလေးငယ် (ဓာတ်ပုံ)

အိန္ဒိယနိုင်ငံမှ အသက် ၈ နှစ်အရွယ်ရှိ ကလေးငယ်တဦးရဲ့ ခန္ဓာကိုယ်မှာ ထူးထူးခြားခြား အမြီးပေါက်နေခဲ့ပြီး ဒါဟာ ဟိန္ဒူနတ်ဘုရားတပါးဖြစ်တဲ့ ဟာနုမန်မျောက်မင်း ဝင်စားတာဖြစ်တယ်လို့ နာမည်ကြီးနေပါတယ်။ ဒူလ်ဟာ ဆင်းဂ်ျလို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အသက် ၈ နှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့ခန္ဓာကိုယ် နောက်ကျောဘက်ကနေ ရှည်လျားတဲ့ အမွေးအမှင်နဲ့ အမြီးလိုသဏ္ဌာန်ကြောင့် ကျောင်းမှာတော့ သူငယ်ချင်းတွေရဲ့ စနောက်တာကို ခံနေရတာပါ။ ဒါပေမယ့် တခြားပရိသတ်တွေကတော့ မိုင်ရာချီတဲ့ အကွာအဝေးကနေ သူ့ကိုကြည့်ရှုဖို့ လာရောက်နေကြကာ ဒါဟာ နတ်ဘုရား ဟာနုမန်မျောက်မင်း ဝင်စားတာဖြစ်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ ဒူလ်ဟာဆင်းဂ်ျဟာ ပန်ဂျပ်ပြည်နယ်၊ အမ်မရစ်ဆာဒေသမှာ ဦးလေး၊ အဒေါ်ဖြစ်သူတို့နဲ့ နေထိုင်တာ ဖြစ်ပါတယ်။ ဦးလေးဖြစ်သူ ဆာဟစ်ဘ်က “သူ့ရဲ့အမေက ဒီအမြီးကို ဖြတ်ပစ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး မဖြတ်ရသေးခင်မှာပဲ ဆုံးသွားခဲ့တယ်ဗျ။ အဲဒီနောက်တော့ ဒါကို မဖြတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျနော်ကပဲ ခုချိန်ထိ စောင့်ရှောက်ထားခဲ့တာပါ” လို့ ပြောပါတယ်။ ဒူလ်ဟာဆင်းဂ်ျရဲ့ မိသားစုဝင်တွေဟာ ဒီအမြီးကို ဖြတ်ပစ်လိုက်မယ်ဆိုရင် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည်နေကြတာပါ။ အဒေါ်ဖြစ်သူ မန်ဂျီယာကားကတော့ “လူတွေက သူ့ကိုကြည့်ဖို့ နေ့တိုင်းလာနေကြတယ်။ သူတို့က ဟာနုမန်နတ်ဘုရားလို့ ယုံကြည်ကြတယ်လေ” လို့ ပြောပါတယ်။ ဒူလ်ဟာဆင်းဂ်ျကလည်း သူ့ရဲ့အမြီးကို ဖြတ်လိုက်ရင် မကောင်းတဲ့ ကံကြမ္မာဆိုးတွေ ဝင်ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတာပါ။ “ဒီအမြီးရှိနေတဲ့အတွက် ဘယ်လိုမှ ဆိုးဆိုးဝါးဝါး မခံစားရပါဘူး။ ဖြတ်ထုတ်ပစ်လိုက်ဖို့လည်း စိတ်မကူးပါဘူး။ ဒါဟာ ဘုရားပေးတဲ့ ဆုလာဘ်ပါ။” ဒူလ်ဟာဆင်းဂ်ျဟာ သစ်ပင်တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တက်ရောက်နိုင်ပြီး သူ့မှာရှိနေတဲ့ အစွမ်းသတ္တိတွေဟာ ရွာသားတွေကို ကယ်မနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ တဘက်မှာလည်း သူ့ကို ကလေးချင်း စနောက်ကြတဲ့ အခြေအနေတွေကို ဒူလ်ဟာဆင်းဂ်ျ ရင်ဆိုင်နေရတာပါ။ “တခြားကလေးတွေက ကျနော့်အမြီးကို လှောင်ပြောင်ကြပါတယ်။ သူတို့ဟာ ကျနော့်သူငယ်ချင်းတွေ မဟုတ်ကြပါဘူး။ ကျနော့်အမြီးအတွက် ဘာမှမခံစားရပါဘူး။ ကျနော် ဒါတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး”  လို့ ဒူလ်ဟာဆင်းဂ်ျက ပြောပါတယ်။ ဓာတ်ပုံ - Barcroft Media  

A d v e r t i s e m e n t With Us

More News
Up