အသင်းပြောင်းမည်မဟုတ်ဟု အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း ပြော

651
ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ အသင်းရဲ့အခြေအနေကြောင့် အသင်းပြောင်းရွှေ့တော့မှာ မဟုတ်ဘူးလို့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောကြားလိုက်ပါတယ်။
စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ လူငယ်ကစားသမား ခေါ်ယူရာမှာ စည်းမျဉ်းစည်းကမ်းနဲ့ မညီတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူခွင့် ပိတ်ပင်တဲ့ပြစ်ဒဏ် ချမှတ်ထားတာပါ။
ဒီလိုအခြေအနေကြောင့် အသင်းပြောင်းရွှေ့ဖြစ်မယ်ဆိုရင် အသင်းအတွက် အခက်အခဲဖြစ်နိုင်လို့ အသင်းပြောင်းဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလို့ ဂရစ်ဇ်မန်းက ဆိုပါတယ်။
ဂရစ်ဇ်မန်းအနေနဲ့ ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နှုန်းလောက်အထိ သေချာတယ်လို့ ပြောဆိုခဲ့ဖူးတာပါ။
အက်သလက်တီကိုအသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်ပင်တဲ့ ပြစ်ဒဏ်ကိုလည်း အယူခံဝင်သွားမယ်လို့ သိရပါတယ်။