A d v e r t i s e m e n t With Us

အိန္ဒိယတွင် ကုန်ကားနှင့်ဘတ်စ်ကားတိုက်မိပြီး မီးလောင်၊ အနည်းဆုံး လူ ၂၂ ဦး သေဆုံး

ဓာတ်ပုံ - NDTV news
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဘာရေးလီမြို့မှာ ဇွန်လ ၅ ရက်နေ့က ကုန်ကားနဲ့ ဘတ်စ်ကားတစီး တိုက်မိ မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားပါတယ်။ ဘတ်စ်ကားဟာ မြို့တော် နယူးဒေလီကနေ ဂွန်ဒါမြို့ကို မောင်းလာတဲ့ ပြည်နယ် သယ်ယူပို့ဆောင်ရေး ကော်ပိုရေးရှင်းပိုင်ဖြစ်ပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ အာဏာပိုင်တွေက မဖော်ထုတ်နိုင်သေးပါဘူး။ ကုန်ကားကို ဖမ်းမိပေမယ့် ကုန်ကားမောင်းသူက ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံ မီဒီယာက ဆိုပါတယ်။ အစိုးရ သတင်းအချက်အလက်တွေအရ အိန္ဒိယနိုင်ငံမှာ ကားအမြန်မောင်းတာ၊ ယာဉ်ကြောစည်းကြပ်မှု မလုံလောက်တာ၊ လမ်းတွေ ပြုပြင်ထိန်းသိမ်းမှု အခြေအနေ ဆိုးရွားတာတွေနဲ့ ကားတွေ အရည်အသွေး ညံ့ဖျင်းမှုတွေကြောင့် ၃ ဒသမ ၇ မိနစ်တိုင်း လူတဦး လမ်းပေါ် မတော်တဆမှုနဲ့ သေဆုံးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up