အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ချေးငွေ လျှောက်ထားနိုင်
ပိုင်စိုး
·
June 5, 2017
မြန်မာနိုင်ငံထဲမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေအနေနဲ့ ချေးငွေတွေ လျှောက်ထားကြဖို့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က နှိုးဆော်ထားပါတယ်။
ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဖြစ်တဲ့ JICA ရဲ့ချေးငွေကို ပေးအပ်မှာဖြစ်ပြီး စက်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ဦးစားပေးမယ်လို့ ဘဏ်တာဝန်ရှိသူတယောက်ကပြောပါတယ်။
“အဓိက ကတော့ စက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဦးစားပေးပါတယ်။ အများဆုံး သန်း ၅၀၀ အထိ လျှောက်ထားလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အာမခံကြေးနဲ့ အပေါင်ပစ္စည်းပေါ်လည်း မူတည်ပါတယ်။ ဂျပန်ကတော့ လုပ်ငန်းတစ်ခုကို ချေးငွေနည်းနည်းနဲ့ လုပ်ငန်းများများကို ချေးဖို့ ရည်ရွယ်ထားပါတယ်”
ဒီချေးငွေကို လယ်ယာစိုက်ပျိုးရေး၊ အိမ်ခြံမြေ၊ အရက်ဆိုင်နဲ့ ပျော်ပွဲစားရုံတွေ၊ ခရီးသွားလုပ်ငန်း မဟုတ်တဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ အဖိုးတန်ကျောက်မျက်ရောင်းဝယ်တာတွေ စတဲ့ လုပ်ငန်းတွေကတော့ လျှောက်ထားလို့ မရပါဘူး။
ချေးငွေလျှောက်တာကို ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်ခွဲတွေမှာ လျှောက်ထားဖို့ ကြေညာထားပါတယ်။