မိုးကြီးရေလျှံမှုကြောင့် ဒဂုံစင်တာ ပိတ်ထားရ
ပြည့်ဘုန်းအောင်
·
June 5, 2017
ရန်ကုန်မြို့မှာ ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာ ၁ ကုန်တိုက် အောက်ထပ်ရှိ ကားရပ်ရာနေရာ ကားပါကင်ထဲ ရေတွေ ဝင်လာပြီး ဈေးဝယ်စင်တာကို ယာယီ ပိတ်ထားရပါတယ်။
ရေအမြင့်ပေ ၃ ပေခွဲလောက်ထိ ရေမြင့်တက်လာတာကြောင့် ကားပါကင်ရှိကား ၁၂ စီး လောက် ရေနစ်မြုပ်ခဲ့ပြီး မီးစက်တွေ အပါအဝင် အောက်ဆုံးထပ်ရှိ ဈေးဆိုင်ခန်းတွေရဲ့ ပစ္စည်းဂိုဒေါင်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။
ဒဂုံစင်တာကတာဝန်ခံတဦးက “စင်တာက ဆိုင်ခန်းတွေကတော့ လောလောဆယ် ၂ ရက် ပိတ်မယ်လို့ ပြောထားတယ်။ ကျန်တဲ့အပိုင်းကတော့ အခြေအနေအရ ဆက်လုပ်သွားပါမယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေလာရောက်ပြီး ကားပါကင်ထဲရှိ ရေတွေကို ရေစုပ်စက်တွေနဲ့ ကူညီစုပ်ထုတ်ပေးနေပါတယ်။