Live
Home
ရုပျသံ
ထိုင်းနိုင်ငံတွင် မြန်မာများစီးနင်းလိုက်ပါသည့်ကား တိမ်းမှောက်၊ ၂၀ ဦးဒဏ်ရာရ (ရုပ်သံ)
DVB
·
June 5, 2017
    ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ညက မြန်မာ နိုင်ငံသား ၈၀ ဦးကို တင်ဆောင်လာတဲ့ ၁၂ ဘီး ကားတစီး ဟွေ့ဟင်ဖွန်ကျေးရာအုပ်စုထဲမှာ တိမ်းမှောက်ပြီး ၂၀ ဦး ဒဏ်ရာရကာ ၃ ဦး ဒဏ်ရာပြင်းထန်တယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါကားမှာ မဲဆောက်ကနေ ထွက်ခွာလာပြီး ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်ကို ရောက်တဲ့ အခါမှာ ကားကို စစ်ဆေးမခံဘဲ မိုးရွာထဲကနေ မောင်းပြေးသွားခဲ့ကြောင်း၊ တာဝန်ရှိသူတွေက အနောက်က လိုက်လံဖမ်းဆီးစဉ် မနိုရာတောင်စောင်းအရောက် တိမ်းမှောက်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။ မော်တော်ကားတိမ်းမှောက်ပြီး ကားပေါ်ပါလာသူတွေရော၊ ကားမောင်းသမားပါ တောထဲ ထွက်ပြေး ကုန်ကြောင်း၊ ထွက်မပြေးနိုင်တဲ့သူတွေဟာ ဒဏ်ရာရသူတွေဖြစ်ပြီး စုစုပေါင်း ၂၀ ဦး ရှိကာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ တာဝန်ကျရဲဝန်ထမ်းမှ သတင်းထောက်ကို ပြောပါတယ်။ အဲဒီနောက် စစ်တပ် နဲ့ ရဲ စုစုပေါင်း အင်အား ၁၀၀ လောက်ဟာ မနိုရာတောင်ကြောတလျှောက် ထွက်ပြေးသွားတဲ့သူတွေကို တညလုံးလိုက်လံဖမ်းဆီးရာမှာ ၄ ရက်နေ့မနက်မှာ စုစုပေါင်း ၂၅ ဦး ဖမ်းဆီးရမိခဲ့ပြီး အားလုံးမှာ မိုးထဲရေထဲ ပြေးလွှားရတာတကြောင်း၊ အစာရေစာပြတ်လပ်တာက တကြောင်းမို့ ပင်ပန်းနွမ်းနယ်နေကြပြီး တာဝန်ရှိသူတွေက လူသားချင်းစာနာမှုအကူအညီ အစား အသောက်နဲ့ ဆေးဝါးတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့အားလုံး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့  ထွက်ခွာလာ တာဖြစ်ကြောင်း၊ ထိုင်းလူမျိုးတဦးက သူတို့ကို ဘန်ကောက်မှာ အလုပ်ကောင်းကောင်း ရမယ် ပြောပြီး  ပွဲစားခရော ကားခပါ တစ်ဦးကို ဘတ်တသောင်းစီ ပေးခဲ့ရကာမှ ခုလိုမတော်တဆ ထိခိုက်မှုနဲ့ ကြုံပြီး အဖမ်းပါခံလိုက်ရတာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေကို ထိုင်းလ၀ကဥပဒေနဲ့အရေးယူပြီး မူရင်းနိုင်ငံပြန်ပို့မှာဖြစ်သလို ကားမှန်ကို ခွဲပြီး ထွက်ပြေးသွားတဲ့ ထိုင်းလူမျိုးကားမောင်းသမားကိုတော့ ဖမ်းလို့မမိသေးဘူးလို့ တာဝန်ကျရဲ ၀န်ထမ်းမှ သတင်းထောက်ကို ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024